ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဗီလိန်ဇာတ်ကောင်တွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးကတော့ MRTV-4 မင်းသမီးချောလေး သံသာမိုးသိမ့်ပဲ ဖြစ်ပါတယ်နော်..။

“ကျွန်မက မဟေသီ” ဆိုတဲ့ ဇာတ်ကားမှာ မိန်းမချော ဆိုတဲ့နာမည်လေးနဲ့ ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ဗီလိန်ဇာတ်ကောင်ကာရိုက်တာနဲ့တောင် ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်..။


ပရိသတ်တွေရဲ့ အသည်းကျော်လေး သံသာမိုးသိမ့်ကတော့ ချစ်တဲ့ အမာခံပရိသတ်တစ်ဦးရဲ့ အကြီးစား Surprise လေးကြောင့် အရမ်းကိုအံ့သြခဲ့ရပြီး မျက်ရည်လည်ရတဲ့အထိ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်..။

ချစ်ရတဲ့ အမာခံပရိသတ်တစ်ဦးဟာ သူမရဲ့နာမည်သံသာမိုးသိမ့်ကို လက်မှာ သေရာပါ တက်တူးထိုးခဲ့တာဖြစ်ပြီး ချစ်ပရိသတ်တွေရဲ့ အပြုအမူလေးနဲ့ ချစ်သက်သေလေးတွေကြောင့် သံသာလေးတစ်ယောက် အရမ်းကို ပျော်ရွှင်ကြည်နူးခဲ့ရတာပဲဖြစ်ပါတယ်..။


ပရိသတ်တွေပေးတဲ့ အကြီးစား Surprise လေးကြောင့် ကြည်နူးပျော်ရွှင်ရတဲ့အကြောင်းလေးနဲ့ တက်တူးပုံစံလေးလေးကိုလည်း သံသာမိုးသိမ့်က မျှဝေထားပြီး ပရိသတ်ပေးတဲ့ ချစ်သက်လက်ောဆင်လေးကိုလည်း အသိအမှတ်ပြုထားတာ တွေ့ရပါတယ်..။

“ဒီနေ့အတွက်အကြီးစား Surprise

အရမ်းချစ်ပါတယ် အသည်းလေးရေ Chit Hsu Hnin Pwint

အမ ဘယ်ရောက်ရောက် ရအောင်လာသူ

သူချစ်ကြောင်းကို သူ့အသားအနာခံပြီးပြခဲ့သူ

အမတကယ် ဝမ်းနည်းလို့မျက်ရည်ပါ လည်ရတယ်ကွယ်..” ဆိုပြီး ကြည်နူးပီတိဖြစ်မိတဲ့အကြောင်းလေးကို သူမက ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

Photo - သံသာမိုးသိမ့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။