ပရိသတ်ကြီးရေ တေးသီချင်းလောကမှာ တစ်ခေတ်တစ်ခါတည်းက အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ အဆိုတော်မေခလာကတော့ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့နားထဲကိုဆွဲနေစေတဲ့ အဆိုရှင်တစ်ဦးပါနော်။မေခလာကတော့ လက်ရှိမှာ သာယာအေးချမ်းတဲ့ မိသားစုလေးနဲ့အတူပျော်ရွှင်စွာနေထိုင်ပြီး စိုစိုပြေပြေ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

မေခလာရဲ့ ချစ်ခင်ပွန်းရန်ကျော်ကလည်း ချစ်ဇနီးအပေါ်ကို အလိုလိုက်ပြီး အရမ်းချစ်ကာ သွားလေရာကို လိုက်ပါနေတာဖြစ်ပါတယ်။သရုပ်ဆောင်ရန်ကျော်ကတော့ အနုပညာခြေလှမ်းတွေကျဲလာပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။မေခလာ ကလည်း အမြဲတမ်းလွတ်လပ်ပေါ့ပါးနေပြီး ပရိသတ်တွေအတွက် သီချင်းကောင်းလေးတွေနဲ့ ဖျော်ဖြေနေတာပါနော်။

အခုဆိုရင်တော့ မေခလာက"သမီး နဲ့ အတူ Star city မှာသမီးကပြောတယ် မေမေက ရေသာကြောက်တယ်ပြောပြီး ရေကူးနေတာ ရေသူမ ကျနေတာပဲတဲ့ Swimming pool မှာတော့မကြောက်ဘူးလေ တကယ့်ပင်လယ် မှာတော့ကြောက်တာပေါ့ မေခလာရေနစ်ရင် ဘယ်သူကယ်မှာတုန်းလို့ နော့်"ဆိုပြီး သားအမိနှစ်ယောက်ရဲ့ ရေကူးကန်က ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Source:May KhaLar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။