ဘရာဇီးနိုင်ငံမှာကျင်းပမယ့်ကိုပါအမေရိကဖလားပြိုင်ပွဲအတွက်အာဂျင်တီးနားအသင်းကလူစာရင်းထုတ်ပြန်ခဲ့ရာနာမည်ကျော်တိုက်စစ်မှူးမက်ဆီကတော့ပြန်ပါဝင်လာခဲ့ပါတယ်။မက်ဆီကတော့ကမ္ဘာဖလားပြီးထဲကလက်ရွေးစင်အသင်းကနုတ်ထွက်ခဲ့ပြီလို့ကြော်ငြာခဲ့ပေမယ့်ခုမှာတော့လက်ရွေးစင်အသင်းလူစာရင်းမှာပြန်ပါဝင်ခဲ့တာပါ။

အာဂျင်တီးနားအသင်း လူစာရင်းမှာ ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ အဂူရို၊ ဟွမ်ဖိုရိုက်၊ အော်တာမန်ဒီနဲ့ ပါရေယာတို့ ပါဝင်ခဲ့ပြီး ဂျူဗင်တပ်တိုက်စစ်မှူးဒိုင်ဘားလားလည်းပါဝင်ခဲ့ပါတယ်။မက်ဆီဟာအာဂျင်တီးနားအသင်းနဲ့ပွဲတော်တော်များများပါဝင်ကစားခဲ့ပေမယ့်ခြေစွမ်းမပြနိုင်တာကြောင့်အသင်းကနေအနားယူခဲ့တာဖြစ်ပါတယ်။

ကိုပါအမေရိကဖလားမှာ အသင်းအရေအတွက် ၁၂ သင်းပါဝင်ပြီး အုပ်စု ၃ ခု ခွဲခြားပြီး ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

အုပ်စု A မှာ အိမ်ရှင် ဘရာဇီး၊ ဘိုလီးဗီးယား၊ ဗင်နီဇွဲလားနဲ့ ပီရူး၊ အုပ်စု B မှာ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ပါရာဂွေး၊ ကာတာ၊ အုပ်စု C မှာ ဥရုဂွေး၊ အီကွေဒေါ၊ ဂျပန်နဲ့ ချီလီအသင်းတို့ တွေ့ဆုံနေပါတယ်။ပြိုင်ပွဲကိုတော့ လာမယ့် ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၇ ရက်အထိ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာတော့၂၀၂၂ကမ္ဘာ့ဖလားအိမ်ရှင်ကာတာနဲ့ဂျပန်အသင်းတို့လည်းပါဝင်ကစားကြမှာဖြစ်ပါတယ်။

SOURCE:DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။