Justin Bieber နဲ့ Hailey Bieber တို့ဟာပြီးခဲ့တဲ့နှစ်တုန်းက လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့လိုမျိုး လက်မထပ်မှီမှာ သူတို့နှစ်ယောက်အပြင် Selena Gomez အပါအဝင် ၃ပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးဖြစ်ခဲ့ပါတယ်။ အဲ့ဇာတ်လမ်းလေးဟာဆိုရင် လူတွေကြားထဲမှာ ယနေ့ချိန်ထိ မကျေနပ်ချက်တွေရှိနေပါသေးတယ်။ Justin Bieber နဲ့ Selena Gomez တို့က တစ်ယောက်နဲ့တစ်ယောက်စကားပြောနေချိန်မှာ Hailey ကတော့ ဘာမှမပြောပဲနေနေခဲ့ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုကိုပဲခံနေခဲ့ရပါတယ်။  

အဲ့နောက်မှာတော့ ကိစ္စတွေအကုန်ပြတ်ပြီးနောက် Hailey နဲ့ JB တို့တရားရုံးမှာ လက်မှတ်ရေးထိုးကာ လင်မယားတွေဖြစ်ခဲ့ကြပါတယ်။ လက်ထပ်ပြီးနောက်ပိုင်း JB တစ်ယောက် သီချင်းမဆိုပဲနေခဲ့ကာ ၂နှစ်လောက်ရှိခဲ့ကာ သိပ်မကြာသေးခင်ကမှ သီချင်းတွေပြန်ဆိုတာဖြစ်ပါတယ်။ အဲ့နောက်သူတို့၂ယောက် အချိန်ကြာလာတော့ ပြဿနာတွေအနည်းတော့ရှိမှာပေါ...ဒါပေမဲ့လဲ လူတွေက JB က Hailey ကိုမကြိုက်ဘူးလို့ပြောပြောနေခဲ့ကြပါတယ်။ အင်္ဂါနေ့တုန်းကဆိုရင်တော့ JB တစ်ယောက်ဟာ Hailey နဲ့အတူ GYM ကစားဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ ထွက်ဝယ်ခဲ့ပါတယ်။ 

အဲ့နောက်မှာတော့ သူဟာ ကားထဲကထွက်ပြီး လိုအပ်မဲ့ ပစ္စည်းတွေကို သွားဝယ်ခဲ့ကာHailey ကတော့ ပရီသတ်တွေနဲ့အတူ ဓာတ်ပုံရိုက်နေခဲ့ပါတယ်။ JB ဟာဆိုရင်လဲ သူရဲ့ပရိသတ်တွေအတွက် နွေးထွေးမှုတွေကို ပေးခဲ့ပါတယ်။ Hailey နဲ့ JB တို့တွေလဲ အဲ့နေ့တုန်းက ကားပေါ်မှာအတူတူရှိနေတာကလွဲလို့ ကျန်တဲ့ချိန်တွေမှာမရှိခဲ့ကြပါဘူး။ သူတို့နှစ်ယောက် ပရိသတ်တွေပြောသလို တကယ်ပဲအဆင်မပြေကြတော့ဘူးလား။ JB Instagram မှာဆိုရင် ချွေးနဲ့ပျောက်ဆေးကြော်ငြာကို သူနဲ့အတူ စီးပွားဖက် Company အတွက် တင်ခဲ့ပါသေးတယ်။  

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။