မြန်မာလူမျိုးတို့အမြတ်တနိုးတန်ဖိုးထားရတဲ့ နှစ်ကူးသင်္ကြန်ကာလတော့ရောက်ရှိလာခဲ့ပါပြီ ။

သင်္ကြန်ရက်တွင်းမှာ ဘာတွေရှောင်ကြဉ်သင့်သလဲဆိုတာကို ကြည့်ကြရအောင်နော် ...

? သင်္ကြန်ရက်အတွင်း ရှောင်ကြဉ်ဖွယ်ရာ အဖြာဖြာ ?

*********************************************

အတာသင်္ကြန်အခါတွင်

? ရုဒံ = ငိုကြွေးခြင်းကိုသော် ၎င်း၊

? မေထုန ဉ္စ = မေထုံမှီဝဲခြင်းကိုသော် ၎င်း၊

? မံသံ = ဟင်းမျိုးစိမ်းကို ဝယ်စားခြင်းမှသော် ၎င်း၊

? သူရ = သေရည်သေရက်သောက်ခြင်း ကို သော် ၎င်း၊

? ကောဓောစ = အမျက်ထွက်ခြင်းကိုသော် ၎င်း၊

? ရုဓံ = သွေးထုတ်ခြင်းကို သော် ၎င်း၊

? တေလိကံ = ဆေးဆီလိမ်းခြင်းကိုသော် ၎င်း၊

? နကေရ- မပြုရာ၊ မရောင်း အပ်။

ဣမာနိဒသ ကမ္မာနိ- ဤသို့ဆယ်ပါးသောအမှုတို့ကို၊

သက္ကောပိ- သိကြားမင်း သော်၎င်း၊

ပရိဇ္ဇယေ-ဖဲကြဉ်ရာ၏။

ဟိုးတစ်ချိန်က ရှေးပညာရှိကြီးတွေဟာ

အတာနှစ်ဦးမှာ ရှောင်ကြဉ်ရ မယ့် ဓလေ့တချို့ကို အထက်ပါအတိုင်း

မှတ်သားဖွယ် ဖော်ထုတ်သွားခဲ့တာကို သတိရဆင်ခြင်ရမှာ ဖြစ်ပါတယ်။

မြန်မာသက်သက်အနေဖြင့် ဖေါ်ပြရမူ

(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။

(၂) လိင်ဆက်ဆံခြင်း။

(၃) သူတပါးအသက်သတ်ဖြတ်ခြင်း။

(၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။

(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။

(၆) သွေးဖောက်၊ သွေးထုတ်ခြင်း။

(၇) ဆီလိမ်း၊ ဆေးလိမ်းခြင်း။

(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။

(၉) ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။

(၁၀) ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း တို့ ဖြစ်ပါတယ်...။

ထို(၁၀)ပါးသေားအမှု့တို့ကို မကြဉ်ရှောင်သောသူတို့ အား

နတ်သိကြား မင်းတို့သည် ခွေးသရေပေါ်တွင် မှတ်တမ်းသွင်းကာ

မကောင်းသောကြည့်ခြင်းဖြင့် လူဆိုးစာရင်းသွင်း

မှတ်တမ်းတင်ခြင်း ခံရတယ်လို့ မှတ် သားရပါတယ်....။

ဒါကြောင့် ပျို့ကဗျာတွေမှာ

”မင်္ဂလာစကား၊ လင်္ကာကြားအံ့၊ ကြော်ကြားစုံစေ၊

သင်္ကြန်နေ့၌ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊

မသာနှလုံး၊ ညှိုးချုံးစိုးရိမ်၊ မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊

ကာမအရှာ၊ မေထုနာနှင့် ပါဏာသတ်ပုတ်၊သောက် ထုတ်ရက်မ၊

မျက်ထွက်မာန၊ ပဋိယ နှင့်ဒေါသမလွတ်၊ ဆီပွတ်လိမ်းဆင်၊

သစ်ပင်ခုတ်ဖြတ်၊ သတ်ခတ်တုန် ရှောင်၊ အရောင်းအဝယ်၊

ဤတစ် ဆယ်ကို၊ လူ့ဝယ် နတ်ခွင်၊ လူလိုစင် ထား၊

မြင်းမိုရ် ဖျားဝယ်၊ သိကြားသော်မှ၊ မပြုရရာ၊

ကျမ်းလာသောအား၊ လင်္ကာကြားသည်။

ဤကားသင်္ကြန်အလိုတည်း”

အဲသလိုစပ်ဆို ထားခဲ့ ပါတယ်။

ဒါကြောင့်သင်္ကြန်အတွင်းမှာ မကောင်းသော

အပြု အမူ အပြောအဆို အကြံစည်တွေကို

ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

?????

မေတ္တာသီသေန စိတ္တေန ..........အရှင်နန္ဒဝံသ ။

ဇေယျသုခ ဓမ္မရိပ်သာ ၊(Amarillo,Texas,U.S.A)

Source : May Htut Khaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။