ယနေ့အချိန်ထိတိုင်ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ပရိသတ်တွေအားကျနေရတဲ့စုံတွဲလေးကတော့နေဝင်းတို့စုံတွဲလေးပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကတော့နှစ်တွေကြာလာတဲ့တိုင်တစ်ယောက်ကိုတစ်ယောက်ချစ်နေတာလေးကအားကျချီးကျူးစရာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကတော့ကိုယ်ဝါသနာပါတဲ့အလုပ်တွေမှာအောင်မြင်နေတဲ့သူတွေပဲဖြစ်ပါတယ်။ 

ခုမှာလည်းနေဝင်းကတော့ချစ်သူလေးကြောင့်ဂုဏ်ယူပြီးပျော်ရွှင်ခဲ့ရပြန်ပြီဖြစ်ပါတယ်။Travel Blogger ချစ်သူမလေးကတော့ခုမှာMIA 2018 ရဲ့ Title ဆုဖြစ်တဲ့ Influencer of The Year Award -2018 ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။သူကတော့အဲ့ဒီဆုအပြင်ပွဲတစ်ခုလုံးရဲ့ ဆု ၁၅ ဆုမှာလည်း ၃ ဆုရဲ့ Top 5 Finalists ထိဝင်ခဲ့တာဖြစ်ပါတယ်။ 

ပရိသတ်တွေချစ်ရတဲ့သူတွေကလည်းဂုဏ်ပြုစကားလေးတွေပြောရင်းနဲ့ပျော်ရွှင်နေကြတာဖြစ်ပါတယ်။နေဝင်းကိုယ်တိုင်ကလည်းချစ်သူအတွက်ဂုဏ်ယူမဆုံးဖြစ်နေတာပါ။ နေဝင်းရဲ့ instagram လူမှုကွန်ယက်မှာလည်း " congratulation ချော " ဆိုပြီးဂုဏ်ယူစွာဗီဒီယိုလေးတင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Nay Win And Travel kyeen  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။