နေ့စဉ်ကြားသိနေရတဲ့ ပြည်တွင်းသတင်းတွေထဲမှာ မီးလောင်မှုသတင်းတွေကတော့ များစွာရှိနေပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်များစွာကိုလည်း ဖျက်ဆီးခဲ့တာအားလုံးအသိပဲဖြစ်မယ်ထင်ပါတယ်။ ဒီကနေ့ မေလ ၂၃ရက်နေ့ နေ့လည်ပိုင်းမှာလည်း မန္တလေးတိုင်းဒေသကြီးအတွင်း မီးလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

အဆိုပါဖြစ်စဉ်ကတော့ ဒီကနေ့ မေလ ၂၃ ရကနေ့ နေ့လည် ၁၁ နာရီ ၅၅ မိနစ်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ဂန်ရွာတွင် စတင်လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ မီးလောင်မှုကို မီးသတ်ရေယာဉ် Level 4 အဆင့်ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရပြီး နေ့လည် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။  

မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးများစွာရှိခဲ့သလို မီးလောင်ရာနေရာမှာ ရွှေလက်ကောက်များကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ရွှေလက်ကောက်များကို ဟေတောင်အရန်မီးသတ်တပ်ဖွဲ့ဝင် ရန်နိုင်ရှင်း ကတွေ့ရှိခဲ့တာဖြစ်ပြီး အများပြည်သူအရှေ့သို့ ပြန်လည်အပ်နှံ့ခဲ့ကြောင်း သိရပါတယ်။ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

photos - ခန့်မင်းထက် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။