ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေချစ်ခင်အားပေးခဲ့တဲ့ ဆံပင်အရှည် လေးထားပြီး သိမ်မွေ့တဲ့ကလေးမလေးဟာ အခုဆိုရင် တစ်သွေးတစ်မွှေးနဲ့ အရမ်းကို လှသွေးကြွယ်နေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ကလေးသရုပ်ဆောင်ဘဝ ကတည်းက ကျရာဇာတ်ရုပ် တိုင်းကို ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေအပြင် ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး သူမရဲ့အနုပညာအရည်အသွေးကို ပိုမိုတိုးတက်အောင် ကြိုးစားနေသူတစ်ယောက်ပါပဲ။

သူမနဲ့ပက်သက်ပြီး ကောလဟာလတွေ အများကြီးထွက်ခဲ့ပေမယ့် သူမအနေနဲ့ အခက်အခဲ တွေကို အေးအေးဆေးဆေးပဲ ရင်ဆိုင်သွားပုံက တည်ငြိမ်ရင့်ကျက်တဲ့ လူကြီးတစ်ယောက် လိုပါပဲ။ ကျက်သရေရှိရှိလှပလွန်းနေတဲ့ သူမရဲ့ဆံနွယ်ရှည်ကြီးဟာလည်း ပရိသတ် တွေအသည်းကြွေ စေတဲ့ အဓိကအကြောင်းအရင်းတစ်ခုပါပဲ။ အသက်ဆယ့်ရှစ်နှစ် ပြည့်မြောက်ပြီးပြီဖြစ်ပြီး လူကြီးစာရင်းဝင်သွားပေမယ့် ချစ်စရာကောင်းတဲ့ ကလေးသရုပ် ဆောင်လေး ယွန်းယွန်းရဲ့ ပုံရိပ်တွေဟာ ယနေ့ထက်တိုင် ပရိသတ်မျက်စိထဲမှာ မြင်ယောင်နေဆဲပါပဲ။

အနုပညာအလုပ်တွေကိုလည်း မလစ်ဟင်းသလို ပညာရေးဖက်မှာလည်း ထူးချွန်သူ တစ်ယောက်ပါပဲ။ ကိုယ်တာဝန်ယူထားတဲ့ အပိုင်းအားလုံးကို တာဝန်ကျေကျေထမ်း ဆောင်နိုင်တဲ့ အရည်အချင်းရှိတဲ့ အနုပညာရှင်လေးတစ်ယောက်ပါပဲ။ Facebook သိပ်မသုံးဖြစ်တော့တဲ့နောက်မှာ သူမရဲ့ ပုံလေးတွေကို သိပ်မတွေ့ရတော့ပေမယ့် ဒီနေ့မှာ တော့ ယွန်းရဲ့ချစ်စဖွယ်ပန်းရောင်ဂါဝန်နဲ့ ပုံရိပ်တွေကို ပရီသတ်ကြီးအတွက် တင်ဆက်ပေး လိုက်တယ်နော်။

Photo - Yoon Yoon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။