စပိန်ထိပ်သီးဘာစီလိုနာအသင်းနဲ့ရီးရဲမက်ဒရစ်အသင်းတို့ကတော့စပိန်နိုင်ငံရဲ့ထိပ်သီးအသင်းတွေဖြစ်ကြပါတယ်။စပိန်ထိပ်သီးတွေဖြစ်ရုံသာမကဥရောပရဲ့အင်အားတောင့်တင်းဆုံးပဲဖြစ်ပါတယ်။ကမ္ဘာကျော်ကစားသမားတွေကိုအများဆုံးပိုင်ဆိုင်ထားပြီးကစားတဲ့ခြေစွမ်းတွေကအမြင့်ဆုံးမှာရှိနေတာကြောင့်အသင်းတိုင်းကလေးစားရတဲ့အသင်းတွေဖြစ်ပါတယ်။

သူတို့နှစ်သင်းကတော့စပိန်မှာလည်းပြိုင်ဆိုင်မှုပြင်းထန်ပြီးတစ်သင်းနဲ့တစ်သင်းတွေ့ဆုံမှုတိုင်းကလည်းအကြိတ်အနယ်နဲ့ပရိသတ်တွေအကြိုက်ပွဲကောင်းတွေဖြစ်ခဲ့ရပါတယ်။သူတို့နှစ်သင်းကတော့အမြဲလိုလိုပြိုင်ဆိုင်ပြီးမတူညီတဲ့စံချိန်တွေကိုတစ်ခုပြီးတစ်ခုတင်နေရင်းနဲ့ပြိုင်ဆိုင်နေကြတာဖြစ်ပါတယ်။

အပြိုင်အဆိုင်များတဲ့သူတို့နှစ်သင်းကတော့ခုမှာလည်းဘာစီလိုနာအသင်းကရီးရဲအသင်းကိုတစ်ခုအသာရသွားခဲ့ပါပြီ။ဆုဖလားတွေနှိုင်းယှဉ်တဲ့နေရာမှာဘာစီလိုနာအသင်းကဆုဖလားတစ်ခုပိုပြီးအသာရခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းကဆုဖလားပေါင်း၉၁ခုထိရရှိထားပြီးရီးရဲအသင်းကတော့ဖလားပေါင်း၉၀အထိသာရခဲ့တာဖြစ်ပါတယ်။သူတို့အသင်းတွေအောင်မြင်မှုကလည်းတစ်ခြားအသင်းတွေထက်အများဆုံးသာလွန်နေတာဖြစ်ပါတယ်။

SOURCE:Goal.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။