မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ အိမ်ထောင်ကျပြီး အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သဉ္ဇာက ပွဲအခမ်းအနားတွေ တက်ရောက်နေပြီး မိသားစုနဲ့အတူ ပျော်စရာအချိန်လေးတွေကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက သားလေးတစ်ယောက်ကို မွေးဖွားထားတဲ့ကလေးမေမေဖြစ်ပေမယ့် ယနေ့တိုင်အောင် အပျိုစင်လေးအတိုင်း နုပျိုလှပနေဆဲ ဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းရဲ့သားလေးကလည်း ပါးဖောင်းဖောင်းလုံးလုံးလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းလွန်းတာကြောင့် အားလုံးက ဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။ အရမ်းကို အသည်းယားစရာကောင်းတဲ့ သား Peach လေးကြောင့် သဉ္ဇာတို့မိသားစုဘဝလေးက စိုပြေသာယာနေရတာပဲ ဖြစ်ပါတယ်။ အခုလည်း Peach လေးက ဖေဖေအိပ်နေတာကို အပေါ်ကနေ တက်ခွပြီး သူ့စိတ်ကြိုက် အားရပါးရ ဆော့ကစားနေတာ တွေ့ရပါတယ်။

အဆော့သန်တဲ့ Peach လေးကတော့ သူကြိုက်သလို ဆော့ကစားနေရတာကြောင့် အရမ်းသဘောကျပြီး ရယ်မောပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ဖေဖေ့အပေါ်ကို တက်လိုက် ခုန်ပေါက်ပြီး ဆော့လိုက် ရယ်လိုက်နဲ့ Peach လေးတစ်ယောက် အလုပ်ရှုပ်နေတာလေးကလည်း တကယ့်ကို ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သဉ္ဇာနွယ်ဝင်းသား Peach လေးရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thinzar Nwewin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။