တစ်နေ့တခြား ပိုပိုပြီးလှလာတဲ့ ငွေမှုန်ရတီတစ်ယောက် ခန္ဓာကိုယ်လေးက ကျစ်လျစ် ပြီး အလှတွေပိုလာတာပဲဖြစ်ပါတယ်။ အရင်ကလို အနည်းငယ် ပြည့်တဲ့ခန္ဓာကိုယ်လေး မဟုတ်တော့ပဲ ကျစ်ကျစ်လျစ်လျစ်နဲ့ လှချင်တိုင်းလှလို့နေပါပြီ။ အမဖြစ်သူ ရွှေမှုန် ရတီလို ကျော့ရှင်းတဲ့ပုံစံလေးအတိုင်း သူမက ပိုပိုပြီးလှလာလို့နေပါတယ်။ အမခြေရာ နင်းမယ့်ညီမလေးကတော့ အနုပညာအလုပ်တွေလည်း အရင်ကလို ကြိုးစားနေဆဲပါပဲ။ လုံးကြီးပေါက်လှခန္ဓာကိုယ်လေးက ပြစ်မျိုးမှဲ့မထင်လှရက်နိုင်လွန်းတာကြောင့် အားလုံးရဲ့အသည်းကျော်လေး ဖြစ်လို့နေပါ တယ်။

ညီမတွေဖြစ်တာမို့ တိုင်ပင်တာတွေရှိပေမယ့် ကိစ္စတိုင်းကိုတော့ မတိုင်ပင်ဖြစ်ပဲ တစ်ယောက်နဲ့တစ်ယောက် Privacy လေး ထားကြပါတယ်။ အမဖြစ်သူ အိမ်ထောင်ပြု တော့လည်း အမဖက်က မားမားမတ်မတ်ရပ်တည်ပေးပြီး အစအဆုံးကူညီပေးတဲ့ ချစ်စရာ ကောင်းတဲ့ ညီမလေး တစ်ယောက်ပါပဲ။ ပရိသတ်ကြီးမှာရော ဒီလိုချစ်စရာကောင်းတဲ့ ညီမလေးတစ်ယောက်ရှိလား။ နှစ်ယောက်သားက ညီမဖြစ်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ရုပ်ချင်းအရမ်းမဆင်ပဲ တစ်ယောက်တစ်မျိုးစီ လှပနေတာပဲ ဖြစ်ပါတယ်။

သူမရဲ့အမိုက်စားပုံရိပ်တွေကို " Don’t change be yourself " ဆိုပြီး တင်ထားတာပဲ ဖြစ်ပါ တယ်။ အထဲက အနက်ရောင်ရင်ပြတ် Crop Top လေးကို အဝါရောင်ကုတ်အင်္ကျီလေးနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ သူမရဲ့ပုံရိပ်တွေကိ ရင်ခုန်ချင်စရာပါပဲ။ အသက်အရွယ် ငယ်ရွယ် ပေမယ့် အနုပညာ အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့ ချစ်စဖွယ်မိန်းမငယ်လေး ငွေမှုန်ရတီရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်တယ်နော်။

Photo - Ngwe Hmone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။