ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့မှာတော့ ချီလီနိုင်ငံ ဆန်တီယာဂိုမြို့က တိုက်တတိုက်မှာ ဓာတ်ငွေယိုစိမ့်မှုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။

ဘာကြောင့် ဓာတ်ငွေ့ယိုစိမ့်ခဲ့သလဲဆိုတာတော့ လက်ရှိအချိန်မှာ မသိရသေးပေမယ့် အာဏာပိုင်တွေကတော့ ဒီကိစ္စကိုစုံစမ်းစစ်ဆေးနေပါတယ်။

ဓာတ်ငွေ့ယိုစိမ့်မှုကြောင့်ဆိုရင်လည်း ၎င်းတိုက်မှာနေထိုင်တဲ့ လူ ၆ ဦးလောက် ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့အဆိပ်သင့်ပြီး သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသွားခဲ့သူတွေကတော့ ၆ လွှာတိုက်ခန်းမှာနေထိုင်တဲ့ လူကြီးလေးယောက်နဲ့ ကလေးနှစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

၎င်းသေဆုံးသွားသူ ၆ ဦးလုံးဟာဆိုရင်လည်း ဘရာဇီးနိုင်ငံသားတွေဖြစ်တယ်လို့သာသိရပြီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ အာဏာပိုင်တွေက ထုတ်ပြန်ကြေညာချင်းမရှိသေးပါဘူး လို့ သိရပါတယ်။

SOURCE – The Advertiser

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။