ဦးနှောက်ဟာ လူသားတိုင်းအတွက်အရေးပါ၊ အရာရောက်တဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်...။ ကာယစွမ်းအားနှင့်၊ ဉာဏ်စွမ်းအားတို့ဟာ မွေးရာပါ ပြီးပြည့်စုံတာမဟုတ်ပဲ ကြိုးစားလေ့ကျင့်ယူရမှာသာဖြစ်ပါတယ်..။ ဒါမှသာလျှင် ကျန်းမာချမ်းသာပြီး ပျော်ရွှင်စွာ နေထိုင်နိုင်မှာပါ....။ ၂၁ရာစု အိုင်တီခေတ်ကြီးထဲမှာ အင်တာနက်၊ တီဗွီ၊ ဂိမ်းစသည်တို့ ပေါများလာပြီး ကလေးလူငယ်တွေအများစုဟာ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်မှု အားနည်းလာတာကို မြင်တွေ့ရမှာပါ...။ ခန္ဓာကိုယ်ကြွက်သားများကို မလှုပ်ရှားစေဘဲ၊ အသုံးမပြုဘဲထားမယ်ဆိုရင် ကိုယ်ခံစွမ်းအားတွေ၊ ဖျတ်လတ် ပေါ့ပါးသွက်လက်မှုတွေ တဖြည်းဖြည်း လျော့နည်းလာမှာဖြစ်တာမလို့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ၊ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးကြရမှာဖြစ်ပါတယ်...။

ဦးနှောက်ကို အနားမပေးဘဲထားလျှင် စိတ်လေးလံထိုင်းမှိုင်းခြင်းများဖြစ်လာပါတယ်...။ ကြိမ်ဖန်များလာတဲ့အခါမှတော့ာ ဦးနှောက်ကို ပျက်စီးစေသော "အယ်လ်ဇိုင်းမားရောဂါ" နဲ့ "ပါကင်ဆန်ရောဂါ" များကို ခံစားရဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ စိတ်ဖိစီးမှု ၊ ကျန်းမာရေးအတွက် မသင့်လျော်သော အစားအစာများ....၊ များသောအားဖြင့် "ဆေးလိပ်၊ မူးယစ်ဆေးဝါး နှင့် အရက်သေစာ" တို့ဟာ လူကြီးမင်းတို့ရဲ့ ဦးနှောက်ကိုထိခိုက်ပျက်စီးစေပါတယ်....။ စိတ်ဖိစီးမှု ကြိမ်ဖန်များလာတဲ့အခါမှာ သွေးတိုးရောဂါကို ခံစားလာရပြီး ဦးနှောက်သွေးကြောများကို ပေါက်ပြဲစေနိုင်တာမလို့ အထူးဂရုစိုက်ပြု၍ နေထိုင်သင့်ပါတယ်နော်...။ သွေးတိုးရောဂါ ပြင်းထန်လာတဲ့အခါမှာ ဦးနှောက်တွင်းရှိ သွေးလွှတ်ကြောမကြီး ပေါက်ပြဲစေတဲ့အပြင် အနီးအနားက ဆဲလ်များကိုပါ ပျက်စီးစေပြီး ထိုအင်္ဂါများက လုပ်ဆောင်နေတဲ့ လုပ်ငန်းဆောင်တာများလည်း ရပ်ဆိုင်းသွားပါသေးတယ်...။ ထိုကဲ့သို့သော ဆိုးကျိုးများမဖြစ်ရလေအောင် တရားထိုင်ခြင်း၊ ရောဂကျင့်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကုစားခြင်းတို့ကို အချိန်ပေးပြီးလုပ်ဆောင်သင့်ပါတယ်...။

စာဖတ်ခြင်းဟာ ဦးနှောက်အတွက်အကောင်းဆုံးသော လေ့ကျင့်ခန်းဖြစ်ပြီး အသစ်အဆန်းများစူးစမ်းလေ့လာခြင်းဟာလည်း ဦးနှောက ်ဖွံ့ဖြိုးမှုကို တိုးတက်စေပါတယ်။ စစ်တုရင်ကစားခြင်းဟာ ဉာဏ်ရည်၊ ဉာဏ်သွေး တိုးတက်စေတဲ့ ကစားနည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ ရက် ၊ ၂ရက်ခန့်က ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာများကို ပြန်လည်စဉ်းစား မှတ်မိစေခြင်းဖြင့်လည်း ဦးနှောက်ကို လေ့ကျင့်ခန်းပြုလုပ်ပြီးသားဖြစ်မှာပါ...။ ဈေးဝွယ်ထွက်တဲ့အခါမှာ ဈေးစာရင်းများကို ဂဏန်း ပေါင်းစက်အသုံးမပြုဘဲ ၊ စိတ်ထဲမှာတင်တွက်ချက်ခြင်းကို အလေ့အကျင့်ပြုလုပ်ထားပါက ဉာဏ်ရည်၊ ဉာဏ်သွေးတိုးပွားလာစေမှာပါ...။ စိတ်ပါဝင်စားတဲ့ ဝါသနာပါရာသင်တန်းတစ်ခုခုကို တက်ရောက်သင်ယူခြင်းကလည်း စိတ်ကျန်းမာရေးနှင့် ဉာဏ်ပညာ မြင့်မားဖို့အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုလို့ဆိုရမှာပါ...။

Source ဝီကီပီးဒီးယား 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။