Video Game တွေဟာဆိုရင် သင့်ဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကူညီထောက်ပံ့ပေးပါတယ်။ သင်ကသာမသိပေမဲ့ Video Game ကိုတီထွင်တဲ့သူတွေရယ် ပညာရှင်တွေရယ်က သိကြပါတယ်။ Game ဆော့ရင် ဆဲတက်လာတာတွေ စိတ်တိုလာတာတွေ ဒါတွေဟာဆိုရင် တစ်ကမ္ဘာလုံးနဲ့ယှဉ်လိုက်ရင်တော့ ၅ ပုံမှာ ၁ပုံသာရှိတဲ့ ဆိုးကျိုးပါ။ သွေးထွက်သံယို Game တွေက လူတွေကို လူသတ်စေချင်စိတ်တွေ တိုးစေတယ်ဆိုတာ ရှားပါးတယ်။ Video Game တွေကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ မှုခင်းမှုတွေဟာ လျော့ကျသွားတာကိုတွေ့ရှိရပါတယ်။ 

အဲ့အပြင် Game တွေဟာဆိုရင်လဲ သင့်ဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကူညီပါတယ်။ ဘယ်လိုလဲဆိုတော့ စိတ်ရှည်တက်လာစေပြီး အပတ်တကုတ်ကြိုးစားလာတယ်။ Game ထဲမှာ တချိုးအခန်းတွေက စိတ်ရှည်တက်ရတယ်လေ....အဲ့လိုစိတ်ရျည်မှ နောက်အခန်းတက်မယ်။ အဲ့လိုတက်ဖို့အတွက် သင်ကကြိုးစားမှာပဲ...ကိုယ်လဲမထင်မိတဲ့အချိန် အပြင်မှာပါ အဲ့လိုစိတ်ရှည်လာပြီး ြိကုးစားတက်လာပါတယ်။ အတွေးအခေါ်တွေကောင်းလာပါတယ်....ဘယ်လိုတွေကောင်းလဲဆိုတော့ Game တွေကစဉ်းစားပြီးဆော့ရတဲ့ Game တွေရှိပါတယ်။ အဲ့တော့ သင်ဟာ တွေးတက်လာပါလိမ့်မယ်။ 

ခေါင်းဆောင်ကောင်းပီသလာပြီး လူမှုဆက်ဆံရေးကောင်းလာပါလိမ့်မယ်။ Game တွေထဲမှာ ကိုယ်ဟာခေါင်းဆောင်လုပ်ရပြီး လက်အောက်ငယ်သားတွေကို အမိန်ပေးထိန်းချုပ်တက်ရပါတယ်။ စစ်ကူတွေအပြင် အိမ်နီးချင်းတွေနဲ့ရော ကိုယ့်အတူဆော့တက်သူနဲပါ စကားကို ပြေပြေပြစ်ပြစ်ပြောတက်လာတဲ့အတွက် လူမှုဆက်ဆံရေးကောင်းလာပါတယ်။ အဲ့အပြင်တခြားသော ကိုယ့်ဘဝကောင်းကျိုးတွေလဲရှိပါတယ်။ အင်္ဂလိပ်စကားအပြောတက်လာမယ်....သမိုင်းတွေကို စာအုပ်မဖတ်ပဲ Game ဆော့ရင်းသိလာရမယ်စသဖြင့်ပေါ့။ ဒါပေမဲ့လဲ Game အမျိုးအစားအပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ 

Source : MUO  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။