အမိုက်စား Body နဲ့ ယောကျာ်းပီသတဲ့အပြင်အဆင်ကြောင့် ပျိုပျိုမေတို့ကြားမှာ အရမ်းကိုရေပန်းစားတဲ့ မော်ဒယ်သရုပ်ဆောင်ထူးအောင်တစ်ယောက် တောင့်တင်းတဲ့ဘော်ဒီကို ပိုင်ဆိုင်ဖို့ ဘယ်လိုတွေ ပေးဆပ်ပြီးကြိုးစားခဲ့ရတယ်ဆိုတာကို Video လေးနဲ့ ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ Six Pack ဆိုတာ လွယ်လွယ်ကူကူရခဲ့တာမှ မဟုတ်တာနော်။

ဘဝတူအနုပညာသမားတွေကိုလည်း အချိန်တိုအတွင်းမှာ ဘော်ဒီပြန်တောင့်အောင် Train ပေးတတ်တဲ့ Trainer တစ်ယောက်လည်းဖြစ်ပါတယ်။ ကိုယ်ပိုင် Fitness လည်း ဖွင့်လှစ်ထားပါသေးတယ်။ အနုပညာလမ်းကြောင်းမှာသာမက Fitness ပိုင်းမှာလည်း အရည် အချင်းပြည့်ဝသူတစ်ယောက်ပါပဲ။ ကိုယ်တိုင်လည်း အမိုက်စားပြောင်းလဲမှုတွေလုပ်ခဲ့ပြီး တစ်ပါးသူလှပဖို့လည်း ကူညီတတ်သူပါပဲ။

သူ့ရဲ့အကြမ်းစား Work Out Video ကို " ကျွန်တော်မွေးနေ့အမှတ်တရ အနေနဲ့ ကျွန်တော်ရဲ့ Workout Motivation Video 2019 လေးကိုတင်ပါရစေ။ ဒီVideoလေးကိုကြည့်ပြီး စိတ်ဓာတ်ခွန်အားများဖြစ်သွားရင်ကျေနပ်ပါပြီ။ Videoလေးကိုကြည့်ရင်HD လေးနှိပ်ပြီးအသံကျယ်ကျယ်လေးနဲ့တော့ကြည့်ပေးစေချင်ပါတယ်။ ဒီVideoလေးကိုရိုက်ကူးပေးတဲ့ ကိုအာကာနဲ့စက်အဖွဲ့သားများအားလုံး ၊ အစစအရာရာ အဖက်ဖက်က ကူညီပေးခဲ့သော ဆရာNick, ကိုဉာဏ်, ကိုတင့်မင်းစန်းတို့ကိုလဲ ကျေးဇူးအထူးပင်တင်ရှိပါကြောင်း နှင့် location အတွက် ရိုက်ကူးခွင့်ပေးတဲ့သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများကိုလဲကျေးဇူးပါတယ်ဗျ။ Editဆရာမထက်ထက်(HD production team)လဲကျေးဇူးပါလို့ပြောချင်ပါတယ် ကျွန်တော့၏ Fun များ နှင့် ကြည့်ရှုအားပေးတဲ့သူတစ်ဦးတစ်ယောက်ချင်းကိုလဲကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။ ဒီထက်မကလဲ ကျွန်တော့်ရဲ့ ပရိသတ်ကြီးအတွက် ဆက်လက်ကြိုးစားသွားနေပါအုံးမယ်ဗျ။ Happy Birthday to me. " ဆိုပြီး တင်လိုက်တာပဲဖြစ်ပါတယ်။

Photo - Htoo Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။