အသက်ငယ်ငယ်လေးနဲ့အိမ်ထောင်ကျပင်မယ့်လည်း ပရိသတ်တွေသာမက အနုပညာရှင်များကပါအားကျရတဲ့ဇနီးမောင်နှံကတော့ ရွှေထူးတို့အတွဲလေးပါပဲ။ သူတို့နှစ်ယောက်လုံးဟာ ဝါသနာပါရာအနုပညာအလုပ်တွေကိုအသီးသီးလုပ်ဆောင်နေကြတာပဲ ဖြစ်ပြီးပရိသတ်အားပေးမှုတွေကို အသီးသီးရရှိထားကြတဲ့ ထိပ်တန်းအနုပညာရှင်စုံတွဲလေးပါ။ ရွှေမှုံဟာလည်း မင်းသမီးဖြစ်သော်လည်း ရွှေထူးအတွက်အရမ်းကိုတန်ဖိုးထားရတဲ့ ဇနီးကောင်းတစ်ယောက်အဖြစ်ရပ်တည်နေတာပါ။ 

ရွှေထူးဟာ ဂီတလောကမှာတင်မကပဲ သရုပ်ဆောင်ဘက်မှာပါ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်မှုတို့တွေကြောင့်အချိန်တိုအတွင်းမှာ ပရိသတ်တွေရဲ့အားပေးမှုတွေကိုရရှိထားသူပါ။ သူတို့နှစ်ယောက်လုံးရဲ့ပထမတွဲဖက်သရုပ်ဆောင်ထားတဲ့ “ ဧည့်သည် ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း မကြာခင်မှာပရိသတ်တွေရဲ့ရှေ့တော်မှောက်ကိုရောက်ရှိလာတော့မှာပါ။ သူတို့နှစ်ယောက်လုံးရဲ့ပီပြင်လှတဲ့သရုပ်ဆောင်ချက်တွေကိုဒီဇာတ်ကားကြီးထဲမှာမြင်တွေ့နိုင်တော့မှာပါ။ဒီကားကြီးရုံမတင်သေးခင် trailer မှာတင်ကြည့်ရှုအားပေးသူအမြောက်အမြားရှိခဲ့တာပါ။ 

ရွှေထူးတို့ဇနီးမောင်နှံဟာ အမြဲတမ်းရိုမက်တစ်ဆန်လွန်းတဲ့အတွဲလေးဆိုပြီး ရွှေမှုံရတီညီမဖြစ်သူ ငွေမှုံကပါ မနာလိုဖြစ်ရလောက်တဲ့အထိပါပဲ။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နေမကောင်းဖြစ်ချိန်မှာတောင် အမြဲဂရုတစိုက်နဲ့စောင့်ရှောက်ပေးတတ်ကြတာပါ။ ဒီလိုချစ်တတ်လွန်းတဲ့ရွှေထူးကတော့ အခုတစ်ခေါက်မှာလည်း မိန်းမိန်းတစ်ယောက် ည၁၁နာရီအထိ အလှပြင်ဆိုင်မှာဆံပင်လုပ်နေတာလေးကိုမငြီးမငြူဘဲစောင့်နေပေးတာပါ။ ရွှေထူးရဲ့ Facebook myday လေးမှာလည်း “ ဘယ်သူကိုယ့်လောက်စောင့်မလည်း စဉ်းစားကြည့်ပါတော့ မင်းအပေါ်မှာကိုယ့်လောက်တော့မစောင့်နိုင်ဘူး။ အိပ်ချင်ပြီ မိန်းမရယ် ” ဆိုပြီးတင်ထားတာပါ။ ပရိသတ်ကြီးမှာရော ဒီလိုစိတ်ရှည်သည်းခံတဲ့သူရှိနေပြီလား.......

Photo - Htoo Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။