ပရိသတ်တွေချစ်ကြတဲ့ချီချီကတော့ Beauty Blogger ဘက်မှာတင်မကပဲ အနုပညာလောကမှာပါထင်ပေါ်ကျော်ကြားတဲ့ ကြယ်လေးတစ်ပွင့်ဖြစ်လာပါပြီနော်။ ဒီလိုအဘက်ဘက်မှာပြည့်စုံတဲ့အပြင် ချစ်ရသူလေးကလည်း ဂရုတစိုက်ရှိမှုတွေကြောင့်လည်း ချီချီဟာအရမ်းကိုကြည်နူးပျော်ရွှင်နေရတာပါ။ သူတို့အတွဲလေးဟာလည်း အရမ်းကိုလိုက်ဖက်လွန်းပြီး ပရိသတ်များကပါအားကျနေရတာပါ။ 

ချီချီဟာလတ်တလောမှာလည်း အင်းလေးမှာရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေရတာပဲ ဖြစ်ပြီးရာသီဥတုအပြောင်းအလဲကြောင့်နေမကောင်းဖြစ်နေတာပါ။ နေမကောင်းတဲ့ချစ်သူလေးကို ကိုယ်တိုင်မလာရောက်နိုင်သော်လည်း ချီချီအတွက်အစားအသောက်လေးတွေပို့ပေးကာဂရုတစိုက်ရှိပုံလေးကလည်း သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေကိုပိုပြီးပေါ်လွင်စေတာပါ။  

အခုတစ်ခေါက်မှာလည်း ချီချီရဲ့Facebook mydayလေးမှတစ်ဆင့် သူတို့နှစ်ယောက်ရဲ့ပုံလေးပေါ်မှာ “ miss you “ ဆိုပြီးတင်ထားတာပါ။ သူတို့နှစ်ယောက်လုံးဟာ အနေဝေးနေကြသော်လည်း တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုတွေနဲ့ချစ်ခရီးလမ်းလေးကိုလျှောက်လှမ်းနေကြတာဟာလည်း လူတိုင်းကိုအားကျစေတာပါ။ ချီချီလည်း ချစ်ရသူလေးနဲ့အမြန်ဆုံးတွေ့နိုင်ပါစေနော်။

Photo - Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။