တစ်ခါတစ်လေ မိဘတွေပေါ့လျှော့မှုကြောင့် ကလေးသူငယ်တွေသေဆုံးဖို့နီးစပ်ခဲ့ပါတယ်။

ကိုယ့်သားသမီးကို ဘာလုပ်နေလဲဲဆိုတာကိုတော့ သတိထားဖို့တော့လိုတာပေါ့…

မြန်မာနိုင်ငံမှာဆိုရင် မိဘတွေပေါ့လျှော့မှုကြောင့် အသက်မဆုံးရှုံးသင့်ဘဲ သေဆုံးနေသူ အရွယ်မရောက်သူတွေအများကြီးပါ။အခုလည်းတက်လာတဲ့သတင်းကလည်း သေဖို့နီးစပ်ခဲ့တဲ့

ကလေးနှစ်ယောက်ပါ။အခန့်မသင့်ရင် မသေရင်တောင် ကိုယ်လက်အင်္ဂါ ထိခိုက်နိုင်ပါတယ်။ 

အမေရိကန်ပြည်ထောင်စုမှာ ချိစ်ဘာဂါကို စားချင်တဲ့ အသက်(၈)နှစ်အရွယ် ယောကျင်္ားလေးတစ်ဦးဟာ သူ့ဖခင်ရဲ့ ဗန်ကားကို မက်ဒေါနယ်ဆိုင်ဆီ မောင်းနှင်ခဲ့ပါတယ်။ သူဟာ ယူကျူပေါ်က ဗီဒီယိုတွေကိုကြည့်ပြီး ကားမောင်းသင်ခဲ့တာလို့ Weirton Daily Times သတင်းမှာဖော်ပြထားပါတယ်။ ကားပေါ်မှာတော့အသက်(၄)နှစ်အရွယ် ညီမလေးဖြစ်သူပါလာသလို သူတို့မောင်နှမနှစ်ယောက်က မီးပွိုင့်တွေကို ဖြတ်ကျော်ကာ ကားကို ဘာဂါဆိုင်ဆီ မောင်းနှင်လာခဲ့ပါတယ်။ ဒီလိုမောင်းနှင်လာတာကို လူအချို့က မြင်တွေ့ခဲ့ပြီး ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့ပါတယ်။ ကံကောင်းချက်ကတော့ ကားက ဘာဂါဆိုင်ရောက်သွားအောင်မောင်းနှင်နိုင်ခဲ့သလို ဘာဂါဆိုင်အရောက်မှာတော့ ပြတင်းတံခါးဆွဲဖွင့်ပြီး ဘာဂါလှမ်းမှာခဲ့ပါတယ်။အဆိုပါလှမ်းမှာမှုကို မြင်တွေ့လိုက်ရတဲ့ ဝန်ထမ်းတွေက ဟာသတစ်ခုလို့ပဲ ယူဆခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ရောက်ရှိလာချိန်မှာတော့ ၈နှစ်အရွယ်ကောင်လေးခမျှာ အမှားတစ်ခုလုပ်မိတယ်ထင်ပြီး ငိုကြွေးခဲ့ပါသေးတယ်။

သူ့ရဲ့မိဘတွေက အိပ်ပျော်နေကြပြီး ရဲတပ်ဖွဲ့က အကြောင်းကြားချိန်မှာ ကလေးတွေကို လာရောက်ခေါ်ဆောင်ခဲ့ပေမဲ့ တရားစွဲဆိုမှုတွေ ဖြစ်ပွားခဲ့ခြင်းမရှိဘူးလို့ သတင်းမှာဖော်ပြထားပါတယ်။

ကဲ ကလေးတွေကို ဂရုစိုက်ကြပါ…

သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံကြီး သင်္ကြန်ရေ ရွှဲရွှဲစိုပါစေ..

Source: Boy, 8, drives to McDonald's for a cheeseburger

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။