မြန်မာ့လက်ရွေးစင်ယူ၁၉အမျိုးသမီးအသင်းရဲ့အာရှယူ၁၉နောက်ဆုံးပွဲစဉ်တွေရဲ့အုပ်စုပွဲစဉ်တွေကတော့ထွက်လာခဲ့ပြီဖြစ်ပါတယ်။မြန်မာအသင်းဟာဒီပြိုင်ပွဲကိုယှဉ်ပြိုင်ဖို့ခြေစစ်ပွဲတွေကစားခဲ့ရပြီးအာရှထိပ်သီးအသင်းတွေနဲ့လည်းတွေ့ဆုံခဲ့ရပြီးအကောင်းဆုံးကျော်ဖြတ်ပြီးနောက်ဆုံးအဆင့်ပြိုင်ပွဲကိုတက်ရောက်လာခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာဒီပြိုင်ပွဲမှာအုပ်စု(ခ)တွင်ကျရောက်ခဲ့ပြီးအာရှအင်အားကြီး အသင်းများဖြစ်သည့် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား တို့နဲ့တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။အုပ်စုပွဲစဉ်များကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ ထိုင်းနိုင်ငံမှာကျင်းပမှာဖြစ်ပါတယ်။

မြန်မာအမျိုးသမီး အသင်းပွဲစဉ်များကိုတော့IPE Chonburi Stadium တွင်ကျင်းပမည် ဖြစ်ပြီး ပွဲချိန်များကိုမူ ထုတ်ပြန်ကြေညာ ထားခြင်း မရှိသေးဘူးဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ၁၉ အသင်းသည် ပြီးခဲ့သည့် ၂၀၁၉ ဧပြီလအတွင်းက မန္တလာသီရိကွင်းတွင် ကျင်းပခဲ့သည့် ခြေစစ်ပွဲစဉ်များတွင် ဥဇဘတ်ကစ္စတန် အသင်းကို (၁-ဝ)ဂိုး၊ နီပေါအသင်းကို (၂-၁)ဂိုး တို့ဖြင့် အနိုင်ရခဲ့ပြီး သြစတြေးလျအသင်းကို (၁-၃)ဂိုးဖြင့်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အုပ်စု ပွဲစဉ် ၃ ပွဲတွင် နှစ်ပွဲနိုင် တစ်ပွဲရှုံး ရမှတ် ၆ မှတ်ဖြင့် အုပ်စု ဒုတိယ နေရာမှ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာဗိုလ်လုပွဲရောက်တဲ့အသင်းတွေဟာယူ၁၉အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။