ပရိသတ်ကြီးရေ တည်ကြည်ခန့်ညားချောမောတဲ့ မင်းသားချော နေတိုးဟာဆိုရင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မင်းသားတစ်လက်ဖြစ်ပါတယ်နော်။နေတိုးကတော့ အနုပညာလောကထဲကို ဟိုးအရင်ကတည်းက ဝင်ရောက်လာခဲ့ပြီး အလုပ်ကိုကြိုးစားတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အောင်မြင်မှုတွေကိုရရှိခဲ့ပါတယ်။နေတိုးက သရုပ်ဆောင်ပိုင်းတင်မဟုတ်ဘဲ ဘက်စုံတော်တဲ့သူတစ်ယောက်လို့ ပရိသတ်တွေက သက်မှတ်ထားကြတာဖြစ်ပါတယ်။

နေတိုးကတော့ ရိုးအေးတဲ့သူတစ်ယောက်ဖြစ်ပြီး သဘောကောင်းဖော်ရွေတဲ့ သူတစ်ယောက်ဖြစ်လို့ လူချစ်လူခင်ပေါများပါတယ်နော်။စိတ်သဘောထားလေးဖြူစင်ပြီး အေးချမ်းစွာနေတတ်လို့လည်း မျက်နှာလေးက အလိုလိုကြည်လင်အေးချမ်းနေတာဖြစ်ပါတယ်။မိဘအပေါ်လည်း သိတတ်လိမ္မာပြီး ပရိသတ်တွေကိုလည်း အလေးထားတဲ့သူတစ်ယောက်ပါ။နေတိုးကတော့ လက်ရှိမှာ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသားတစ်ယောက်အနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

အခုဆိုရင်တော့ နေတိုးက နေခြည်ဦးနဲ့အတူတူ"အခမ်းနားဆုံး မေတ္တာ"ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာဖြစ်ပါတယ်။ဇာတ်ကားထဲမှာ နေတိုးရဲ့ဇာတ်ရုပ်က ဦးတက်လူနိုင်နေရာက ပါဝင်ပြီး တည်ကြည်ခန့်ညားခြင်းတွေနဲ့ လူကြီးလူကောင်းတစ်ယောက်ပုံစံကိုတွေ့မြင်ရမှာပါနော်။ဇာတ်ကားရိုက်နေစဉ်အတွင်းမှာ အရမ်းခန့်နေတဲ့ နေတိုးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။ 

Source:Nay Toe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။