ကင်းမြီးကောက်ကို ကမ္ဘာအနှံ့အပြား အပူပိုင်း သစ်တော၊ သဲကန္တာရနှင့်တကွ နှင်းကျသည့်အရပ်ဒေသမှာပင် တွေ့ရပြီး ကင်းမြီးကောက်တို့၏အစာများမှာ သေးငယ်သောပိုးမွှား၊ ပင့်ကူ၊ ဖွတ်ပုတတ်မျိုးဝင်အကောင်ငယ်များ၊ ဖားပြုပ်၊ ပက်ကျိ၊ ခရု ပက်ကျိ စသော အကောင်ကလေးများအပြင် ကြွက်စသော နို့တိုက်သတ္တဝါကလေးများ ဖြစ်ကြပါတယ်။ ကင်းမြီးကောက်တွေဟာ သူတို့ကို နှောင့်ယှက်ရန်စခြင်းမပြုလျှင် ရန်မမူ တတ်ပဲ လူကိုလည်း သာမန်အားဖြင့် ရန်ပြု ခဲလှပါတယ်။  

ထူးဆန်းတဲ့ အချက်ကတော့ ကင်းမြီးကောက်တို့ ရဲ့ချစ်တင်းနှီးနှောပုံမှာ များစွာ စိတ်ဝင် စားဖွယ်ကောင်းလှပြီး ကင်းမြီးကောက်အမဟာ အဖိုထက်ကိုယ် လုံးကိုယ်ထည် ကြီးမားပြီး မိမိထံပါးသို့ ကင်းမြီးကောက် အဖိုတစ်ကောင်လာ၍ချစ်ရေးဆိုလျက်ရှိစဉ်၊ သဘောကောင်းချိန် ကြုံကြိုက်၍ စိတ်ကြိုက်နှင့်တွေ့ပါက၊ ကြည်သာစွာပင် လက်ခံတတ်ပြီး အခန့်မသင့်က ထိုအဖိုကိုကိုက်သတ်၍ စားပစ်တတ်ပါတယ်။ နှစ်ဦးနှစ်ဝ ချစ်ရေးကြည်ဖြူခဲ့လျှင် အဖိုဟာ အမရဲ့လက်မ ၂ ဖက်ကို မိမိ၏လက်မများဖြင့် ညှပ်လျက် အချိန်အတော်ကြာအောင် ရှေ့တိုးနောက်ငင်စုံတွဲလျှက်နေပြီး နောက်၊ မိမိခိုအောင်းရာသို့ ခေါ်ဆောင်သွားတတ်ပါတယ်။ ဒါပေမယ့်လည်း ကာလအတော်ကြာမျှ အတူတကွနေထိုင်ပြီးသောအခါ အမဟာအဖိုကို စားပစ်လိုက်တတ်သည် သာများပါတယ်။  

ဒါပေမယ့်လည်း ကင်းမြီးကောက်အမတွေ မိမိသားငယ်များ အပေါ်မှာတော့ များစွာခင်မင်ကြင်နာသည်ကိုတွေ့ရတတ်ပါတယ် ကင်းမြီး ကောက်တွေဟာ အကောင်လိုက်ပေါက်ဖွားကြပြီး မိခင် ကင်းမြီးကောက်မကြီးဟာ သားငယ်များကို ကျောပေါ်၌ သယ်ဆောင် သွားလာလေ့ရှိပါတယ်။ ကင်းမြီးကောက်ပေါက်စတွေဟာ ကိုယ်လုံးကိုယ်ထည်ငယ်သည်မှအပ အမိအဖဖြစ်သော ကင်းမြီးကောက် ကြီးများနှင့် ပုံသဏ္ဌာန်ချင်းတူလှပြီး ကြိမ်ဖန်များစွာအရေလဲပြီးမှသာ တဖြည်းဖြည်း ကြီးပြင်းကြရတာပဲ ဖြစ်ပါတယ်။ 

Source  : wikipedia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။