ပရိသတ်ကြီးရေ မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ စိတ်စေတနာကောင်းရှိပြီး လူအများပေါ်မှာ တတ်နိုင်သလောက်လေးကို အမြဲတမ်းကူညီတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။မာန်မာနကင်းမဲ့ပြီး ဖော်ရွေတတ်လို့လည်း မျက်နှာလေးက အမြဲတမ်းပြုံးရွှင်နေတာပါနော်။ရွှေပိုးအိမ်ရဲ့ စိတ်ထားလေးမွန်မြတ်ကာ အကူအညီလိုအပ်နေတဲ့သူတွေကို ကူညီပေးတတ်တဲ့ စိတ်ထားလေးတွေကို ပရိသတ်တွေက ချစ်နေရတာပဲဖြစ်ပါတယ်။

အခုဆိုရင်လည်း ရွှေပိုးအိမ်က အနုပညာညီအစ်ကိုမောင်နှမတစ်ယောက်ဖြစ်တဲ့ ဇာတ်ပို့သရုပ်ဆောင် ကစ်ကစ်ဆီသွားပြီး အားပေးစကားတွေဆိုခဲ့ကာ တတ်နိုင်သလောက်ကိုလှူဒါန်းခဲ့ပါတယ်။ကစ်ကစ်ကလည်း ဆီးချို ကျောက်ကပ် ရောဂါဝေဒါနာကို ခံစားနေရပြီး သရုပ်ဆောင်ခင်သဇင်က ကစ်ကစ်ကိုအနီးကပ်ပြုစုစောင့်ရှောက်ကာ လိုအပ်တာမှန်သမျှကို လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ပါတယ်။

ကစ်ကစ်က သမီးတစ်ယောက်နဲ့ နှစ်ယောက်တည်းရပ်တည်နေရတာကြောင့် သရုပ်ဆောင်ခင်သဇင်က သမီးလေးအတွက်ကိုပါ အစစအရာရာတာဝန်ယူခဲ့ပါတယ်။ယနေ့မှာတော့ ရွှေပိုးအိမ်က ကစ်ကစ်ဆီသွားရောက်ပြီး"မကစ်ဆီ ရွှေပိုးသွားပြီး အားပေးခဲ့ပါတယ်ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ဆုံး သက်သာပါစေ။ဆက်သွယ်လှူဒါန်းလိုသူများရှိပါက 09254203626ဆက်သွယ်၍ လှူဒါန်းနိုင်ပါတယ်ရှင်"ဆိုပြီး တတ်နိုင်သလောက်ကိုကူညီထားပါတယ်နော်။

Source:Shwe Poe Eain

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။