ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ ခုနှစ် အာရှ အမျိုးသမီး ယူ၁၉ ချန်ပီယံရှစ် နောက်ဆုံးအဆင့် ပွဲစဉ်များ AFC U19 Championship 2019 Thailand တွင်ပါဝင်ယှဉ်ပြိုင်မည့် အသင်းများ အုပ်စုနှင့် ပွဲစဉ်ဇယားကို အာရှ ဘောလုံး အဖွဲ့ချုပ်က ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။  

အုပ်စုမဲခွဲမှုအရ မြန်မာ အမျိုးသမီး ယူ၁၉ အသင်းဟာ အုပ်စု(ခ)တွင် အာရှအင်အားကြီး အသင်းများဖြစ်သည့် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား တို့နှင့်အတူကျရောက်နေပြီး အုပ်စုပွဲစဉ်များကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ ယှဉ်ပြိုင် ကစားရမည်ဖြစ်ပါတယ်။ မြန်မာအမျိုးသမီး အသင်းပွဲစဉ်များအား IPE Chonburi Stadium တွင်ကျင်းပမည် ဖြစ်ပြီး ပွဲချိန်များကိုမူ ထုတ်ပြန်ကြေညာ ထားခြင်း မရှိသေးပေ။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ၁၉ အသင်းဟာ ပြီးခဲ့သည့် ၂၀၁၉ ဧပြီလအတွင်းက မန္တလာသီရိကွင်းတွင် ကျင်းပခဲ့သည့် ခြေစစ်ပွဲစဉ်များတွင် ဥဇဘတ်ကစ္စတန် အသင်းကို (၁-ဝ)ဂိုး၊ နီပေါအသင်းကို (၂-၁)ဂိုး တို့ဖြင့် အနိုင်ရခဲ့ပြီး သြစတြေးလျအသင်းကို (၁-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့ပါတယ်။ အုပ်စု ပွဲစဉ် ၃ ပွဲတွင် နှစ်ပွဲနိုင် တစ်ပွဲရှုံး ရမှတ် ၆ မှတ်ဖြင့် အုပ်စု ဒုတိယ နေရာမှ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။

အာရှ အမျိုးသမီး ယူ၁၉ ချန်ပီယံရှစ် နောက်ဆုံးအဆင့် အုပ်စုများ ခွဲဝေမှု

အုပ်စု(က)

၁။ ထိုင်း (အိမ်ရှင်)

၂။ မြောက်ကိုရီးယား

၃။ သြစတြေးလျ

၄။ ဗီယက်နမ်

အုပ်စု(ခ)

၁။ ဂျပန်

၂။ တရုတ်

၃။ တောင်ကိုရီးယား

၄။ မြန်မာ

SOURCE: MFF 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။