ကယန်းတိုင်းရင်းသူလေး တစ်ဦးဖြစ်တဲ့ နော်ဖောအယ်ထားဟာဆိုရင် "Telenor Myanmar" နှင့် "Sunkist Myanmar" တို့ရဲ့ Brand Ambassador တစ်ယောက်ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ထူးချွန်ထက်မြတ်သူတစ်ယောက်ပါနော်...။ နတ်သမီးတစ်ပါးလို့ထင်မှတ်ရလောက်အောင်ချစ်ဖို့ကောင်းတာဖြစ်ပြီး အပြောအဆို၊ အမူအရာလေးတွေကလည်း ယဉ်ကျေးသိမ်မွေ့သူတစ်ယောက်ဖြစ်ပါတယ်...။ အနုပညာလုပ်ငန်းတွေကို အောင်မြင်စွာ ဆက်လက်လုပ်ကိုင်လျက်ရှိပြီး တတိုင်းပြည်လုံးရဲ့ ချစ်ခင်မှုတွေကိုလည်း သိမ်းပိုက်ထားတာပါနော်..။

"Myanmar Influencer Awards 2018" ဆုချီးမြှင့်ပွဲသို့တက်ရောက်ခဲ့ပြီး အမိုက်စား ပွဲတက်ဖက်ရှင်လေးကို ရှုစားကြရမှာပါ...။ သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting နှင့် ကြော်ငြာမဂ္ဂဇင်းတွေရိုက်ကူးလေ့ရှိပြီး red carpet show ပွဲတွေကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်...။ နော်ဖောအယ်ထားဟာ အပန်းဖြေခရီးတွေထွက်လေ့ရှိပြီး ပရိသတ်တွေရှုစားကြရအောင် ခရီးသွားမှတ်တမ်းပုံရိပ်လေးတွေကိုလည်း ထုတ်ဖော်ပြသလေ့ရှိတာဖြစ်ပါတယ်...။

Social media လောကရဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့ facebook စာမျက်နှာကို မြန်မာနိုင်ငံရှိ ပြည်သူ၊ ပြည်သားတော်တော်များများက အသုံးပြုနေကြတာဖြစ်ပါတယ်..။ အနုပညာရှင်တွေ၊ cele တွေအများစုကလည်း ပရိသတ်ကြီးနဲ့ ရင်းနှီးမှု မပြတ်ရအောင် သူတို့ရဲ့ အနုပညာလှုပ်ရှားမှု၊ နေ့စဉ်လှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲထုတ်ဖော်ပေးလေ့ရှိတာကိုတွေ့ရမှာပါ...။ ပရိသတ်ကြီးအပေါ် တလေးတစားနဲ့ အလှပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်တဲ့ နော်ဖောအယ်ထားကို အားပေးရင်း ကြည့်ရှုခံစားသွားကြပါဦးနော်...။

Source Naw Phaw Eh Htar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။