ရုပ်ရှင်ဇတ်ကားပေါင်းများစွာကို စေတနာအရင်းခံကာရိုက်ကူးမှုတို့ကြောင့် အကယ်ဒမီထူးချွန်ဆုပေါင်းများစွာကို ရရှိထားတာကတော့ ဒါရိုက်တာဝိုင်းပဲ ဖြစ်ပါတယ်။ သူရိုက်ကူးတဲ့ဇာတ်ကားတိုင်းဟာလည်း ပရိသတ်တွေရဲ့ရင်ထဲကိုဝင်ရောက်နေရာယူထားတာပဲ ဖြစ်ပြီးအောင်မြင်ကျော်ကြားတဲ့ ဒါရိုက်တာတစ်ယောက်လည်း ဖြစ်ပါတယ်။ ဝိုင်းဟာ ဇာတ်လမ်း၊ ဇာတ်အိမ်ခိုင်တဲ့ ဇာတ်ကားတွေကိုသာ ဖန်တီးလေ့ရှိတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဝိုင်းဟာ ၂၀၁၈ ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာလည်း " ရွှေကြာ " ဇာတ်ကားကြီးဖြင့် အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုရရှိခဲ့သူပါ။ သူရိုက်ကူးသမျှအနုပညာရှင်တိုင်းကိုလည်း အကယ်ဒမီထူးချွန်ဆုရရှိအောင်စွမ်းဆောင်နိုင်သူလို့တောင် အများကခေါ်ကြပါသေးတယ်။ သူဟာ ချစ်ဇနီၤးလေးရယ် သားလေး တို့နဲ့အတူ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုဖန်တီးတည်ဆောက်ထားတာပါ။

ရုပ်ရှင်လောကမှာအောင်မြင်မှုတွေရရှိထားပြီးပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့ဝိုင်းကတော့ခုမှာသာသနာ့ဘောင်ကိုဝင်ရောက်သွားတာပဲဖြစ်ပါတယ်။သူနဲ့တူတူသားလေးကိုလည်းဖိုးသူတော်ဝတ်ပြီးသားအဖနှစ်ယောက်သာသနာ့ဘောင်မှာအေးချမ်းနေတာလေးကလည်းပရိသတ်တွေရင်ထဲကိုကြည်နူးစေမှာပါ။ပရိသတ်တွေလည်းကြည်နူးဖွယ်ကောင်းလှတဲ့ဝိုင်းနဲ့သူ့သားလေးတို့ရဲ့သာနာ့ဘောင်ဝင်မြင်ကွင်းပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။

Photo - Ei Thinzar Shein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။