MPT Myanmar National League 2019 ဒုတိယအကျော့ ပွဲစဉ်များအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသော စစ်ကိုင်းယူနိုက်တက်အသင်းဟာ

လက်ရွေးစင်ဟောင်း တိုက်စစ်မှူး ကောင်းဆက်နိုင်ကို ခေါ်ယူရန် နှစ်ဖက် သတောတူညီမှု ရရှိထားပြီဖြစ်ကြောင်း အသင်းနည်းပြချုပ် ဦးဇော်လင်းထွန်းကပြောပါတယ်။

စစ်ကိုင်းအသင်းသည် လက်ရှိတွင် အမှတ်ပေးပြိုင်ပွဲ၌ ပုံစံကောင်းပြသထားနိုင်သည့်အပြင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ပြိုင်ပွဲတွင်လည်း အကြိုဗိုလ်လုပွဲအဆင့်သို့ ရောက်ရှိနေရာ ဆာမတ်ဆာခွန် ကစားသမားဟောင်းကို ထပ်မံအားဖြည့်ခဲ့ခြင်းဖြစ်ပါတယ်။ ကောင်းဆက်နိုင် အနေဖြင့် ရန်ကုန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက် ပထမအကျော့ အိမ်ကွင်း ပွဲစဉ်တွင် ပါဝင်နိုင်ဦးမည် မဟုတ်ပါဘူး။  

“ လောလောဆယ် ရှုံးထွက် ပထမအကျော့ကိုတော့ ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ဘူး။ အပြောင်းအရွှေ့အတွက် လိုအပ်တဲ့ အချက်အလက်လေးတွေ လိုနေတာကြောင့်ပါ။ ဒုတိယအကျော့မှာ ပါဝင်ကစားနိုင်မှာ ဖြစ်ပါတယ်” ဟု ဦးဇော်လင်းထွန်းကပြောပါတယ်။ စစ်ကိုင်းအသင်းဟာ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့အပြီး ရမှတ် ၁၉ မှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်နေပြီး ဖရိုက်ဒေး ဦးဆောင်သည့် တိုက်စစ်က ရဂိုး ၂၃ ဂိုး ရရှိထားကာ မြန်မာနေရှင်နယ်လိဂ် တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။

SOURCE: Myanmar National League

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။