ပြည်တွင်း မှီခိုရာမဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အရွယ်မရောက်ကလေးငယ်များစွာကတော့ ယနေ့အထိ များပြားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အရွယ်မရောက်ကလေးငယ်များကို နိုင်ငံတော်က ကူညီစောင့်ရှောက်မှုတွေပြုလုပ်ပေးလျှက်ရှိကြောင်း သိရပါတယ်။ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် လူမူဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်မှုကိုပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းကို မေလ ၂၄ ရက်နေ့ ဒီကနေ့နံနက် ၉ နာရီအချိန်တွင် မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ကျင်းပခဲ့ပါတယ်။ ဒီမော့ဆိုမြို့နယ်တွင်းရှိ နောင်ပုလဲ ကျေးရွာအုပ်စု၊ သေးဆူလဲ ကျေးရွာအုပ်စုနှင့် ဒေါကလော်ဒူ ကျေးရွာအုပ်စု တို့မှ ကိုယ်ဝန်ဆောင်မိခင် (၁၀၅)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၆၇) ဦးတို့အား ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တစ်လလျှင် ငွေကျပ် (၁၅၀၀၀)နှုန်းဖြင့် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လများအတွက် သုံးလစာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

ဒါအပြင် ထောက်ပံ့ငွေပေးအပ်ပွဲသို့ လာရောက်ကြသော ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးခဲ့ကြကြောင်းသိရပါတယ်။ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် လူမူဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

SOURCE - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။