သရုပ်ဆောင်မင်းသမီးခင်သဇင်ဟာဆိုရင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို များစွာရရှိထားတာပြီး အနုပညာအလုပ်တွေကို အောင်မြင်စွာ လုပ်ကိုင်လာတာဖြစ်ပါတယ်...။ "Now And Ever"၊ "ထာဝရနှောင်ကြိုး" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်းပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တို့အနေနဲ့ စောင့်မျှော်ကြည့်ရှုအားပေးကြရမှာဖြစ်ပါတယ်...။ အသားအရေဖြူဝင်းလှပပြီး ခန္ဓာကိုယ်ကောက်ကြောင်းလှပမှုကြောင့် social media ကွန်ယက်ပေါ်မှာ အမျိုးသားပရိသတ် အများဆုံးကိုရရှိထားတာလည်းဖြစ်ပါတယ်...။

အခုရက်ပိုင်းမှာဆိုရင်လည်း နာမကျန်းဖြစ်နေတဲ့ သရုပ်ဆောင်ကစ်ကစ်ကို တတ်နိုင်သလောက် လုပ်အား၊ ငွေအားလေးနဲ့ အပင်းပန်ခံသွားရောက်ကြည့်ရှုပေးနေတာဖြစ်ပါတယ်...။ သူမရဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်လေးကို ပရိသတ်တို့အနေနဲ့ ချီးကျုးလေးစားဖွယ် အားပေးကြရမှာဖြစ်ပါတယ်...။ သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုဟာဆိုရင်တော့ photo shooting နှင့်၊ ကြော်ငြာတွေကို လက်ခံရိုက်ကူးလေ့ရှိပြီး ကမ်းခြေထက်က စွဲမက်ဖွယ် ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကြည့်ရှုခံစားရအောင် တင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်...။

ခင်သဇင်ဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ဒီဇိုင်းဆန်းသစ်လှပသော အနီရောက်ဖက်ရှင်အလန်းလေးနဲ့ အလှပုံရိပ်လေးတွေကို သူမရဲ့ official facebook acc တွင် "အနီရောင်လေးက ဘယ်သူလဲ .....ဘယ်သူများလဲကွယ်..." ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source Khin Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။