နက်ဆီဘားဆိုတာ ဘူဂေးရီးယားနိုင်ငံရှိ ရှေးဟောင်းမြို့တော် တစ်ခုဖြစ်ပြီး ဘားဂပ်စ် ခရိုင်အတွင်း ဘူဂေးရီးယား ပင်လယ်နက် ကမ်းရိုးတန်းတွင် တည်ရှိသော အဓိက ပင်လယ်ဆိပ်ကမ်း အပန်းဖြေစခန်းမြို့ တစ်ခု ဖြစ်ပါတယ်။ ပင်လယ်နက်၏ ပုလဲ ဟု မကြာခဏ တင်စားခေါ်ဝေါ်လေ့ ရှိကြပြီး နှစ် ၃၀၀၀ ကျော်မျှ အမြဲတစေ ပြောင်းလဲနေသော ကြွယ်ဝသည့် သမိုင်းကြောင်းရှိသော ပြတိုက်မြို့တော် တစ်ခုလည်း ဖြစ်ပါတယ်။ မြို့တော်ဟာ လူတို့လုပ်ထားသော ကုန်းမြောင်တစ်ခုဖြင့် ခြားနားထားသော အပိုင်း ၂ပိုင်း ရှိပြီး 

ရှေးဟောင်းဒေသ အပိုင်းသည် ကျွန်းဆွယ် (ယခင်က ကျွန်း) ပေါ်တွင် တည်ရှိကာ ဟိုတယ် နှင့် နောက်ပိုင်း အဆောက်အဦးများရှိသော ခေတ်မီသော အပိုင်းသည် ကုန်းမကြီး ပေါ်တွင် တည်ရှိပါတယ်။ ရှေးဟောင်း အပိုင်းတွေဟာ အမျိုးမျိုး ကွဲပြားသော ယဉ်ကျေးမှုလောကမှ လူတို့ နှစ်ပေါင်းများစွာ အတွင်း နေထိုင်ခဲ့သော သက်သေ အထောက်အထားများရှိပါတယ်။ ပင်လယ်နက် ပေါ်ရှိ အထင်ရှားဆုံး ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာ ဌာန နှင့်  

ပင်လယ်ဆိပ်ကမ်း တစ်ခု ဖြစ်ပြီး ကြီးမားသော အပန်းဖြေစခန်း အချို့ရှိကာ အကြီးဆုံး အပန်းဖြေစခန်းမှာ နက်ဆီဘား၏ မြောက်ဘက်ကပ်လျှက်တွင် ရှိသော ဆန်နီဘိရှ် အပန်းဖြေစခန်း ဖြစ်ပါတယ်။ နက်ဆီဘားရှိ အချို့သော အချိန်များတွင် ခြိမ်းခြောက်ခံနေရသော အင်ပိုင်ယာ၏ အနားသတ်တစ်ခု အဖြစ် တည်ရှိခဲ့သဖြင့် ကြွယ်ဝသော သမိုင်းရှိသည့် မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ သမိုင်းဝင် အဆောက်အဦးများ ပေါများလှသဖြင့် ယူနက်စကိုမှ နက်ဆီဘား အား ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ၁၉၈၃၌ ထည့်သွင်းခဲ့ပါတယ်။  

Source : wikipedia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။