မိုးဟေကိုကတော့ တစိမ့်စိမ့်ကြည့်လို့မဝနိုင်အောင် စူးရှရှအကြည့်တွေနဲ့ ဖမ်းစားတတ်တဲ့ မိုးရဲ့အလှမှာတော့ ပုရိသတွေအားလုံးရဲ့နှလုံးသားတွေ ကြွေကျမြေခဲ့ရပါတယ်။ ယုံကြည်မှုအပြည့်နဲ့ တည်ကြည်လွန်းတဲ့ မိုးရဲ့အလှကတော့ ပုရိသတွေကို အချစ်ပိုစေပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ နာမည်ကြီးလို့နေပါတယ်။

ပရိသတ်တွေ ချစ်ခင်အားပေးခဲ့ရတဲ့ မိုးဟေကိုကတော့ အနုပညာလောကရဲ့ အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်း မင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်အားပေးမှုကိုလည်းရရှိသူလေးပဲဖြစ်ပါတယ်။သူမကေတော့ အနပညာလှုပ်ရှားမှုတွေနည်းပါးနေပေမယ့်လဲ ပရိသတ်တွေရဲ့ အားပေးမှုကိုတော့ အခိုင်အမာရရှိထားဆဲဖြစ်ပါတယ်။  

ယနေ့မှာတော့ မိုဟေကိုတစ်ယောက် အေးချမ်းတည်ကြည်တဲ့ အလှတရား ညို့အားပြင်းလွန်းတဲ့ အကြည့်တွေနဲ့ အသည်းယားစရာကောင်းလောက်အောင်ချစ်စရာကောင်းနေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မိုးဟေကိုရဲ့ ကြွေလောက်စရာအကြည့်တွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

source: မိုးဟေကို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။