အကယ်ဒမီ သရုပ်ဆောင် မင်းသားချော နေတိုးကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေပေမယ့်လည်း စိတ်သဘောထားကောင်းပြီး မာနမကြီးတတ်တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ရိုးသားဖြူစင်တဲ့ လူပျိုကြီး နေတိုးက ကလေးတွေမြင်ရင် အသည်းယားပြီး မချစ်ဘဲ မနေနိုင်တဲ့သူလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဦးဦးနေတိုးနဲ့ Mini Miss သမီးလေး သွန်းမြတ်ကြယ်စင်တို့က ရိုက်ကွင်းမှာ အတူဆုံတွေ့ခဲ့ကြပါတယ်။

သမီးလေး သွန်းမြတ်ကြယ်စင်ကတော့ " Mini Mister Myanmar & Mini Miss Myanmar " ပြိုင်ပွဲကြီးမှာ " Little Miss Supranational Myanmar " သရဖူဆုကို ဆွတ်ခူးရရှိခဲ့တဲ့ အလှမယ်ပေါက်စလေး ဖြစ်ပါတယ်။ ဦးဦးနေတိုးနဲ့ သမီးလေး သွန်းမြတ်ကြယ်စင်တို့က ပြီးခဲ့တဲ့အကယ်ဒမီပေးပွဲမှာတုန်းကလည်း အတူဆုံဖူးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဦးဦးနေတိုးက သမီးလေး သွန်းမြတ်ကြယ်စင်နဲ့အတူ ချစ်စရာကောင်းတဲ့ အမှတ်တရပုံလေးတွေကို အတူရိုက်ကူးခဲ့ပါတယ်။

ကလေးချစ်တတ်တဲ့ ဦးဦးနေတိုးက သမီးလေးကို အာဘွားတွေအများကြီးပေးပြီး သမီးလေးစိတ်တိုင်းကျ နှုတ်ခမ်းစူတဲ့ ပို့စ်လေးတွေကိုလည်း အတူတူ လုပ်ပြခဲ့ပါတယ်။ အပြန်အလှန် အနမ်းပေးပြီး ချစ်နေကြတဲ့ ဦးဦးနေတိုးနဲ့ သမီးလေး သွန်းမြတ်ကြယ်စင်တို့ရဲ့ပုံလေးတွေကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေတိုးနဲ့ သမီးလေး သွန်းမြတ်ကြယ်စင်တို့ရဲ့ ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nay Toe & Thoon Myat Kyal Sin ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။