မြန်မာ့လက်ရွေးစင်အသင်းရဲ့တိုက်စစ်မှူးအောင်သူကတော့မြောင်တောင်အသင်းမှာပွဲထွက်ခွင့်မရတော့တာကြောင့်မိခင်ကလပ်ရတနာပုံ FC အသင်းကပြန်ခေါ်ယူမယ်လို့သတင်းတွေထွက်နေတာပါ။ခုမှာတော့ထိုင်းနိုင်ငံရဲ့သတင်းတွေအရအောင်ဟာထိုင်းပရီးမီးယားလိဒ်ဒုတိယအကျော့မှာထိုင်းကလပ် TRAT FCအသင်းကိုပြောင်းရွေ့တော့မယ်ဆိုပြီးသတင်းတွေထွက်လာခဲ့ပါတယ်။

ပရိသတ်တွေကလည်းဒီသတင်းကိုစိတ်ဝင်စားနေကြတာဖြစ်ပြီးမြောင်တောင်အသင်းရဲ့တရားဝင်ထုတ်ပြန်မှုကိုစောင့်နေကြတာဖြစ်ပါတယ်။အောင်သူဟာမြောင်တောင်အသင်းရဲ့ကစားသမားတွေနဲ့နားလည်မှုတွေလွဲတာကြောင့်ခြေစွမ်းမပြနိုင်ပဲအသင်းရဲ့အရံစာရင်းမှာတောင်ချန်လှပ်ထားခြင်းခံရတာဖြစ်ပါတယ်။မြောင်တောင်အသင်းဟာခုမှာတော့ထိုင်းပရီးမီးယားလိဒ်ရဲ့နောက်ဆုံးနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

ခုအောင်သူပြောင်းရွေ့မယ်ဆိုတဲ့ TRAT FC အသင်းကတော့ထိုင်းလိဒ်ရဲ့အသင်းကြီးတစ်သင်းဖြစ်ပြီးအမှတ်ပေးဇယားရဲ့အဆင့်၈နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။သူတို့ကလည်းအောင်မြင်မှုတွေရရှိဖို့အတွက်ကစားသမားကောင်းတွေကိုခေါ်ယူချင်နေတာကြောင့်အောင်သူလိုကစားသမားမျိုးကိုလိုချင်နေတာဖြစ်ပါတယ်။အောင်သူထိုင်းပရီးမီးယားလိဒ်ရဲ့၃သင်းမြောင်အသင်းကိုပြောင်းရွေ့ပြီးဂိုးတွေပြန်သွင်းနိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

SOURCE:อาเซียนตะลุยไทยลีก by โค้ชต่ำ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။