နှစ်ကူးသင်္ကြန်သမယမှာ ရေပက်ခံထွက်ပြီးရေကစားချင်သူများအတွက် Red Bull Myanmar မှ ရန်ကုန်တွင် Red Bull သရုပ်ပြယာဉ် ၁ဝ စီး၊ Sponsor သရုပ်ပြယာဉ် ၅ စီး တို့ကို စီစဉ်ပြီး ထိုကားများဖြင့် ရေကစားလိုသူမည်သူမဆို အခမဲ့လိုက်ပါနိုင်မှာဖြစ်ပါတယ်တဲ့ ။

မိမိ တစ်ဦး တစ်ယောက်တည်း (သို့) မိမိနဲ့အတူ လိုက်ပါ ရေကစားလိုသည့် ချစ်သူ၊ သူငယ်ချင်း၊ ဆွေမျိုးများလည်း ဖိတ်ခေါ်နိုင်တယ်လို့ သိရပါတယ်။

ကားတစ်စီးကို လူဦးရေ အများဆုံး ၆ ယောက်အထိ လိုက်ပါ ရေကစားခွင့်ပြုမှာဖြစ်ပြီး မိမိတို့ သူငယ်ချင်း တစ်ဖွဲ့လုံး လိုက်ပါကစားလိုသည့် သူများအတွက် ထိုအဖွဲ့ကို ဦးဆောင်ပေးမည့်သူ တစ်ယောက်ကသာ chat Box မှတဆင့် အမြန်ဆုံး Red Bull Myanmar Page ကို ကြိုတင် စာရင်းပေးနိုင်ပါတယ်။ အရေအတွက် ကန့်သတ်ထားလို့ အမြန်ဆုံး ဆက်သွယ်ကြပါလို့လည်း တိုက်တွန်းထားပါတယ်။

နေ့ရက် - သင်္ကြန် အကြို၊ အကျ၊ အကြတ်၊ အတက်။

အချိန် - နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ။ နေ့လည် ၃ နာရီမှ ည ၆ နာရီ

ကားစထွက်မည့် နေရာ - ဆူးလေ

ကားစထွက်မည့် အချိန် - နံနက် ၈:၃ဝ

ဆက်သွယ်ရန် - ဝ၉-၂၅ဝဝဝ ၅၁၅၂၊ ဝ၉-၂၅ဝဝ ၁၈၆၄၆

မန္တလေးမြို့တွင် DJ Thaw Thaw, DJ Sai Sai, DJ Crunk Phyo တို့ရဲ့ အလန်းစား DJ music တွေနဲ့ Color Splash, Form Party များ စီစဉ်ပေးထားကာ

အကြိုနေ့အတွက် Free ကစားခွင့်ရမှာဖြစ်ပြီး ကျန်ရက်များအတွက်တော့ Red-Bull-Myanmar facebook page မှာအသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ။

Source : Yoyarlay 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။