မြန်မာပြည်ရဲ့ တေးဂီတ ဖခင်ကြီးဆို့ ဆိုစမှတ်ပြုရလောက်တဲ့ ထူးအိမ်သင် (ခေါ်) ကိုငှက်ဟာ လူ့လောကကြီးကနေထွက်ခွါသွားတာဟာ ၁၅ နှစ်နီးပါးလောက်ရှိခဲ့ပါပြီ...။ ကိုငှက်သီဆိုရေးသားခဲ့တဲ့ "တုနှိုင်းမဲ့ရတနာ" သီချင်းလေးဟာဆိုရင် ချစ်သမီးလေး မိကွန်ထောကို ရည်ညွှန်းပြီး စပ်ဆိုခဲ့တာပါ....။ မိဘတိုင်းရဲ့ အနှိုင်းမဲ့ မေတ္တာကို ဖော်ကြူးထားတာမလို့ ရင်ထဲအမြဲထင်ကျန်စွဲရစ်နေခဲ့တာဖြစ်ပါတယ်....။ ဒါ့အပြင် မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ အသက်သွေားကြောလို့ ခိုင်းနှိုင်းရလောက်တဲ့ ဧရာဝတီကြီးကိုချစ်မြတ်နိုးတဲ့ ကိုငှက်ဟာဆိုရင် နောင်လာ၊ နောင်သားတွေ တန်ဖိုးထား ချစ်မြတ်နိုးရအောင် "ရာဇဝင်များရဲ့ သတို့သမီး" ဆိုတဲ့ ဂန္တာဝင်မြောက် မော်ကွန်းတင် သီချင်းကြီးကို ရေးစပ်သီဆိုခဲ့တာလည်းဖြစ်ပါတယ်...။

သမီးဖြစ်သူ မိကွန်ထောဟာ ချစ်စရာအလွန်ကောင်းလှပြီး မိဘအပေါ်ကျေးဇူး အလွန်သိတတ်သူလေးဖြစ်ပါတယ်....။ ဖခင်ဖြစ်သူရဲ့ ဂူဗိမ္မာန်ထိ လွမ်းသူ့ပန်းစည်းနဲ့အတူ နှစ်စဉ်နှစ်တိုင်း သွားရောက်ကန်တော့လေ့ရှိတာကို ပရိသတ်တို့အနေနဲ့ မုဒိတာပွားဖွယ်မြင်တွေ့ကြရမှာပါ...။ မိကွန်ထောဟာ အဖေ့အတွက်ရည်းစူးပြီး ပရဟိတလုပ်ငန်းတွေ၊ အလှူအတန်းတွေကိုလည်း သဒါ္ဓတရားထက်သန်စွာ လုပ်ကိုင်ပေးလျက်ရှိတာဖြစ်ပါတယ်...။ မိခင်ဖြစ်သူအပေါ်မှာလည်း ချစ်မြတ်နိုးတန်ဖိုးထားတဲ့ သမီးလိမ္မာလေးတစ်ယောက်ပါ....။

ကိုငှက်ကြီးရဲ့ ပုံရိပ်တွေဟာဆိုရင် facebook ကွန်ယက်ပေါ်မှာ ပျံ့နှံ့လျက်ရှိတာဖြစ်ပါတယ်...။ ကိုငှက်ကြီးကို ချစ်ခင်အားပေးတဲ့သူတွေရှိသလို မလိုမုန်းထားတဲ့သူတွေလည်းရှိပါတယ်....။ အသက်သာသေဆုံးသွားပေမယ့် နာမည်ကောင်းနှင့် ဂုဏ်အရှိန်အဝါတို့ ထင်ကျန်ရစ်နေဆဲဖြစ်တဲ့ အဆိုတော် ထူးအိမ်သင်ကို လေးစားသမှုရှိရှိနဲ့အားပေးကြရမှာပါနော်...။ သမီးဖြစ်သူ မိကွန်ထောရဲ့ facebook စာမျက်နှာပေါ်မှာ"မိသားစုအားအသိပေးခွင့်တောင်းခြင်းမရှိဘဲ တေးရေး/တေးဆို ထူးအိမ်သင်၏ ပုံရိပ်အသုံးပြုမှုကို ဥပဒေနှင့်အညီ ကန့်ကွက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။...." ဆိုပြီး အခုလိုရေးသားဖော်ပြထားတာကို Myanmarload ပရိသတ်ကြီးသိရှိရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Mikon Htaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။