မကြာခဏဖြစ်ပေါ်လေ့ရှိတဲ့ ပြည်တွင်းဖြစ်စဉ်တွေထဲမှာ ရှေးဟောင်းဗုဒ္ဓစေတီတော်များ ပြိုကျပျက်ဆီးမှုတွေက များစွာပါဝင်လျှက်ရှိတာတွေ့ရပါတယ်။ လေပြင်းတိုက်ခတ်မှုနဲ့ ရာသီဥတုဆိုးရွားမှုတွေကြောင့် အများဆုံးဖြစ်ပွားလေ့ရှိပြီး မေလ ၂၃ ရက်နေ့ မနေ့ကလည်း သက်တမ်း ၉၀၀ကျော်ရှိ စေတီတစ်ဆူရဲ့ ထီးတော်မြေခခဲ့ရကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်ကတော့ မကွေးတိုင်း ချောက်မြို့နယ် ဇီးပွားကျေးရွာအုပ်စု မင်းဒေါင့်ရွာမှာဖြစ်ပွားခဲ့တာဖြစ်ပွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။  

မေလ ၂၃ ရက်နေ့ မနေ့ကညနေ ၅ နာရီခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီး လေးပြင်းတိုက်ခတ်တာကြောင့် ဂွေးချိုတောင်ပေါ်မှ စေတီ ထီးတော်မြေခခဲ့ပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အဆောက်အဦ ၅ လုံး အမိုးလန် ပျက်စီးခဲ့တယ်လို့ ဇီးပွားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောပြခဲ့ပါတယ်။ ဇီးပွားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က “မိုးသီးတွေအတူ လေပြင်းတိုက်ခတ်လာပြီးတော့ မြန်မာသက္ကရာဇ် ၄၇၉ ခုနှစ်က တည်ထားကိုးကွယ်ခဲ့သော နှစ်ပေါင်း ၉၀၀ ကျော်ရှိတဲ့ ဂွေးချိုတောင်တည်ထားတဲ့ တောင်ထိပ်က မုဒ်ထော်စေတီတော်ရဲ့ ထီးတော် မြေခခဲ့တယ်။ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၄ လုံး အမိုးလန်ပျက်စီးသွားတယ်” လို့ ပြောပြထားပါတယ်။ 

မင်းတောင်ကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း ကျောင်းဆောင် သွပ်မိုးလန်ပျက်စီးတာ၊ နေအိမ် ၄ လုံး သွပ်အမိုးနှစ်ဘက်လုံးပျက်စီးတာ၊ သွပ်မိုးပျက်စီးတာနဲ့ သစ်ပင်အိမ်ပေါ် ပိကျတာတွေဖြစ်ခဲ့ပြီး လူနဲ့တိရစ္ဆာန်တော့ ထိခိုက်သေဆုံးတာ မရှိဘူးလို့ သိရပါတယ်။ ပျက်စီးဆုံးရှုံးတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်တို့ကို ရိက္ခာနဲ့ ကူညီ ထောက်ပံ့ငွေပေးအပ်ဖို့ စီစဉ်နေတယ်လို့ မြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပြပါတယ်။ မေ ၂၁ ရက်နေ့ကလည်း လေပြင်းတိုက်ခိုက်ခဲ့လို့ မန်ကျီးပင်ကျေးရွာမှာ နေအိမ်တလုံး အမိုးလန်ပျက်စီးတာ၊ ဇရပ်ပြိုကျတာ၊ စက်ရေးတွင်းအဆောက်အဦ အမိုးလန်ပျက်စီးတာတို့ ဖြစ်ခဲ့ပြီး အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ငါးသောင်းကျပ်နဲ့ ဆန်ရိက္ခာဖိုး ၁၂၆၀၀ ကျပ် ပေးအပ်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

PHOTOS - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။