မြန်မာနဲ့ ထိုင်းနိုင်ငံတို့ဟာ ၂၀၂၁ ခုနှစ် ယူ-၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ စိတ်ဝင်စားနေတယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ပြောကြားခဲ့ပါတယ်။အလားတူအာစီယံနိုင်ငံကမြန်မာနဲ့ထိုင်းအပြင် ဆော်ဒီ၊ ဘာရိန်းနဲ့ ယူအေအီးနိုင်ငံတွေကလည်း ၃ နိုင်ငံမှာ ကျင်းပဖို့ ပူးပေါင်း အဆိုတင်ထားကြတာဖြစ်ပါတယ်။ဒါ့အပြင် အင်ဒိုနီးရှား၊ ပီရူးနဲ့ ဘရားဇီးနိုင်ငံတို့ကလည်း တနိုင်ငံချင်းစီမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ကိုတော့ လာမယ့် သြဂုတ် ၃၀ ရက်နေ့ နောက်ဆုံးထားပြီး အဆိုပြု တင်သွင်းရမှာဖြစ်ပြီး ဒီနှစ်ကုန်မှာ အတည်ပြု ရွေးချယ်မှာပါ။၂ နှစ်တကြိမ်ကျင်းပတဲ့ ဒီပြိုင်ပွဲကို ဆော်ဒီနိုင်ငံက ၁၉၈၉ ခုနှစ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယူအေအီးနိုင်ငံက ၂၀၀၃ ခုနှစ်မှာ အိမ်ရှင်အဖြစ် ကျင်းပခဲ့ပါတယ်။ အခုနှစ်ပြိုင်ပွဲကိုတော့ ပိုလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။အာရှဒေသတင်းမှာမကျင်းပတာကြာပြီဖြစ်တာကြောင့်၂၀၂၁ပြိုင်ပွဲကိုအာရှတိုက်မှာကျင်းပဖို့မျှော်လင့်နေတာဖြစ်ပါတယ်။

မြန်မာယူ ၂၀ အသင်းဟာ နယူးဇီလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂၀၁၅ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။အဲ့ပွဲမှာလည်းပရိသတ်တွေချီးကျူးရလောက်တဲ့ခြေစွမ်းတွေကိုပြသနိုင်ခဲ့တာဖြစ်ပါတယ်။ခုမှာလည်းနောက်တစ်ကြိမ်အိမ်ရှင်အဖြစ်နဲ့ယူ၂၀ကမ္ဘာ့ဖလားပြိုင်ပွဲမှာပြန်မြင်တွေ့နိုင်မလားဆိုတာတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

SOURCE:DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။