ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ ယာဉ်မတော်တဆဖြစ်စဉ်တွေကြောင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို နေ့စဉ်တင်းကျပ်နေရပြီး အသိပညာပေးလုပ်ငန်းတွေကိုလည်း အဆက်မပျက်လုပ်ဆောင်လျှက်ရှိတာတွေ့ရပါတယ်။ မေလ ၂၄ ရက်နေ့ ဒီကနေ့မှာလည်း မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းပညာပေး လုပ်ဆောင်မှုတွေကို လုပ်ဆောင်ခဲ့ကြကြောင်း သိရပါတယ်။  

အဆိုပါပြုလုပ်မှုကတော့ မကွေးတိုင်ဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြီးကြပ်ရေး ကော်မတီမှ ဆိုင်ကယ်စီးနင်း မောင်းနှင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး ရက်သတ္တပတ် ပညာပေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက်ပိုင်းက မင်းဘူး - စလင်း - စေတုတ္တရာ လမ်းဆုံ မီးပွိုင့်အနီးတွင် ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ဆောင်ရွက်ရာတွင် စလင်းမြို့ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ရဲတပ်ကြပ်ကြီး ဇင်မင်းထိုက်၊ ရဲတပ် ကြပ်ကြီး သက်နိုင်တို့နှင့်အတူ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးရန်မျိုးအောင်နှင့်ဝန်ထမ်းများက မီးပွိုင့်တွင် ဖြတ်သန်း သွားလာနေသော ဆိုင်ကယ်များအား ယာဉ်အန္တရာယ် ကင်းရှင်းရေးအသိပညာ ပေးခြင်း၊ မီးပွိုင့်မီးအချက်ပြစနစ်၊ သတ်မှတ်မျဉ်းတွင် ရပ်တန့်မှုစသည့်များကို အသိပညာပေးခြင်း တို့ကို လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါလုပ်ဆောင်မှုတွေထဲမှာ "ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါ၊ အရှိန်ပြင်းပြင်းမမောင်းရ၊ နှစ်ဦးထက်ပိုမစီးရ"စာတမ်းပါ စတေကာများ ကပ်ပေးခြင်း၊ ရောင်ပြန်စတေကာများ ကပ်နှံခြင်းတို့ကို ပြုလုပ်ပေးခဲ့ပါတယ်။ ဒါအပြင် မကွေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီမှ စီစဉ်ထုတ်ဝေသည့် ယာဉ်မောင်းသူများ လိုက်နာဆောင်ရွက်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

pHOTOS - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။