ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကျော်ကျော်ကတော့ ရှင်းသန့်တည်ကြည်တဲ့ ချောမောမှုတွေနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်နော်။ကျော်ကျော်က အရင်ကတည်းက အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်လာခဲ့တာ ယနေ့ချိန်ထိပဲဖြစ်ပါတယ်နော်။ကျော်ကျော်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားများကိုလည်း ပရိသတ်တွေက အားပေးကြည့်ရှု့ခဲ့ကြပါတယ်။

ကျော်ကျော်က လက်တလောမှာ အကယ်ဒမီမင်းသမီး စိုးပြည့်သဇင်နဲ့အတူ ဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်သရုပ်ဆောင်နေပြီး ပုံစံတစ်မျိုးလေးနဲ့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ကျော်ကျော်ကတော့ လူငယ်ပီပီ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်ပြီး သူငယ်ချင်းတွေကိုလည်း အမြဲတမ်းစနောက်ကာ ပျော်ရွှင်စွာနဲ့ နေထိုင်တတ်သူဖြစ်လို့ သူငယ်ချင်းအပေါင်းအသင်းပေါများပါတယ်နော်။

အခုဆိုရင် ကျော်ကျော်ကတော့ အသည်းကျော်လေးတစ်ယောက်အဖြစ် တူလေးတစ်ယောက်ကို ပိုင်ဆိုင်ထားကာ အားလပ်ချိန်တွေဆို တူလေးနဲ့ အတူတူအဖော်ပြုပေးပြီး ဆော့ကစားပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ကျော်ကျော်က တစ်ဦးတည်းသောတူလေးကို အီအီကုန်းပေးပြီး"မတက်နိုင်ဘူး ရင်ထဲကချစ်တာကိုး တူလေးကို အီးမကုန်းပေးချင်ပါ"ဆိုပြီး တူဝရီးနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Source:Kyaw Naing Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။