ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး ပုရိသအပေါင်းရဲ့အသည်းစွဲမော်ဒယ်လ်တစ်ဦးဖြစ်တဲ့ နွယ်နွယ်ထွန်းကို ပရိသတ်ကြီးအား အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်။ ရစ်ရစ်လို့ချစ်စနိုးနဲ့ ပရိသတ်အများကခေါ်ကြတဲ့ နွယ်နွယ်ထွန်းလေးကတေ့ အပြုံးချိုသူဖြစ်ပြီး လူတိုင်းအပေါ်စိတ်ထားဖြူစင်စွာ ပေါင်းသင်းဆက်ဆံတက်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းအလိုက် အတိုအပြတ်တွေဝတ်စားဆင်ယင်တက်ပင်မဲ့ မြန်မာဝတ်စုံလေးတွေနဲ့လည်းရိုးယဉ်စွာကျက်သရေရှိ လှပနေတာကို ပရိသတ်ကြီးအနေနဲ့ တွေ့မြင်ရမှာပါ....။

သူမရဲ့လတ်တလော အနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ ရုပ်ရှင်ကားကြီးတွေရဲ့ red carpet ရှိုးပွဲတွေသို့ ဖိတ်ကြားခြင်းခံရပြီး သူမရဲ့ ရင်သက်ရှုမောဖွယ်ပုံရိပ်တွေကို အမြဲလိုလို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကြော်ငြာတွေလည်း လက်ခံရိုက်ကူးလာရပြီး၊ photo shooting တွေလည်းအများအပြား ရိုက်ကူးလာခဲ့တာဖြစ်ပါတယ်။ အမဖြစ်တဲ့ မိုးမြင့်သဇင်နဲ့အတူ အနုပညာအလုပ်တွေကို ချစ်ခင်စွာအတူတကွပူးတွဲ လုပ်ကိုင်နေတာဖြစ်ပါတယ်။ ပရဟိတစိတ်ရှိကြပြီး အမြဲလိုလိုကောင်းမှုကုသိုလ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီး ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ရစ်ရစ်တစ်ယောက်ကတော့ ခရီးသွားဝါသနာပါသူဖြစ်ပြီး စာဖတ်ခြင်းနှစ်သက်တာကိုလည်းတွေ့ရမှာပါ။

ရစ်ရစ်ဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "ဟျောင့် ကိုကို ငါ့ကိုလွမ်းလား.." ဆိုတဲ့ status လေးနဲ့တကွ အမိုက်စား Tik Tok ဗီဒီယိုဖိုင်လေးတွေကို သူမရဲ့ official facebook acc တွင် ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်..။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Nwe Nwe Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။