ရန်ကုန် ယူနိုက်တက် အသင်းသည် ၂၀၁၉ ဒုတိယအကျော့ ပြင်ဆင်မှုအဖြစ် နိုက်ဂျီးရီယားနိုင်ငံသား နောက်ခံလူ အမ်ဘီမို ဝက်စ်အန်ဒါဆင် ကို ရာသီဝက် စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်သည်။ယခုလို ရန်ကုန် ယူနိုက်တက် အသင်းကို ရောက်ရှိလာသည့်အတွက် ၎င်းက “ရန်ကုန်ယူနိုက်တက်လို အကောင်းဆုံးအသင်းကို ရောက်ရှိလာတဲ့အတွက် ပြောမပြနိုင်အောင် ဝမ်းသာပါတယ်။ ကစားသမားတော်တော်များများကလည်း ဒီလိုအသင်းမျိုးမှာ ကစားချင်ကြပါတယ်။ ဒါကြောင့် ဒီလိုအသင်းမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားပြီး အောင်မြင်မှုတွေ ရယူသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းဟာဒီနှစ်ဘောလုံးရာသီအစထဲကရလဒ်တွေဆိုးရွားနေတာဖြစ်ပြီးအသင်းနည်းပြချုပ်နေရာတောင်အပြောင်းအလဲလုပ်ထားတာဖြစ်ပါတယ်။ရလဒ်တွေဆိုးရွားနေတာကြောင့်ဒုတိယအကျော့မစခင်မှာအသင်းကိုကစားသမားကောင်းတွေနဲ့အကောင်းဆုံးပြန်လည်တည်ဆောက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိနောက်တန်း ကစားသမား အန်ဒါဆင် သည် မြန်မာနေရှင်နယ် ဘောလုံးလောက အတွေ့အကြုံကောင်းရှိသည့် ကစားသမားတစ်ဦးဖြစ်ပါတယ်။၂၀၁၅ ဘောလုံးရာသီတွင် ဧရာဝတီ ယူနိုက်တက် အသင်း၊ ၂၀၁၇ ဘောလုံးရာသီတွင် ရခိုင် ယူနိုက်တက် အသင်းနှင့် အတူ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ပြီး ၂၀၁၈ ဘောလုံးရာသီမှ စတင်ကာ ဇွဲကပင် ယူနိုက်တက် အသင်းတွင် ကစားခဲ့သူ တစ်ဦးဖြစ်သည်။ဒါကြောင့်အတွေ့အကြုံကောင်းတွေရထားတဲ့အမ်ဘီမို ဝက်စ်အန်ဒါဆင်ရန်ကုန်ယူနိုက်တက်အသင်းကိုဘယ်လိုစွမ်းဆောင်ပေးမလဲဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

SOURCE:Yangon United

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။