ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်နိုင်ငံအလယ်ပိုင်း မစ်ဇူရီပြည်နယ်ထဲကို လေဆင်နှာမောင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။

၎င်းလေဆင်မှာမောင်းဟာ အားပြင်းလှတာကြောင့် ပျက်ဆီးဆုံးရုံးမှုတွေ များစွာ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်မှာလည်း ဆိုးဆိုးရွားရွားရေကြီးနေသလို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကဆိုရင်လည်း ဂျော်ပလင်မြို့မှာ လေဆင်နှာမောင်းတစ်ခု တိုက်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

မစ်ဇူရီပြည်နယ်ကို ဝင်တိုက်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့်ဆိုရင်လည်း သေဆုံးသူ ဦးရေဟာ ၃ ဦးအထိရှိခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံအတွင်းမှာဆိုရင် ရက်ပိုင်းအတွင်း ရာသီဥတုဆိုးရွားမှုကြောင့် သေဆုံးသူ ဦးရေဟာ နောက်ထပ် ၄ ဦးရှိသေးတယ်လို့လည်း သိရပါတယ်။

Source – The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။