အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က ပြောကြားချက်တစ်ခုပြောကြားခဲ့ပါတယ်။

သူပြောခဲ့တာကတော့ အီရန်ရဲ့ရန်ကိုကာကွယ်ဖို့ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်တပ်တွေ ထပ်မံစေလွှတ်ဖို့ မလိုဘူးလို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

ထရမ့်ပြောကြားခဲ့တာကတော့“တပ်တွေထပ်ချဖို့ လိုတယ်လို့ မထင်ဘူး။ တကယ်လိုအပ်လာရင် သေချာပေါက် တပ်တွေ စေလွှတ်သွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ထရမ့်ရဲ့အခုလိုပြောကြားချက်ဟာ ပင်တဂွန်ရဲ့ အရှေ့အလယ်ပိုင်းဒေသမှာ တပ်တွေတိုးမြှင့်ချမယ့် အစီအစဉ်ကို တုံ့ပြန်ပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တကမ္ဘာလုံးမှာနေရာချထားတဲ့ အမေရိကန် စစ်သားအရေအတွက်ကို လျော့ချဖို့ ကြိုးစားနေတယ်လို့လည်း သတင်းတပုဒ်အရသိရပါတယ်။

သို့ပေမယ့် ပင်တဂွန်ကတော့ အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်စစ်သား ငါးထောင်လောက် စေလွှတ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။