ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့မှာတော့ အစ္စရေးနိုင်ငံအလယ်ပိုင်းမှာ တောမီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပါတယ်။

၎င်းတောမီးဟာ ဂျေရုဆလင်နဲ့ တဲလ်အဗစ်ကြားက သစ်တောဧရိယာမှာ လောင်ကျွမ်းခဲ့တာဖြစ်သလို ၎င်းတောမီးကို မြေပြင်ကရော ဝေဟင်ကပါ နာရီပေါင်းများစွာကြာမြင့်သည်အထိ ညှိမ်းသတ်ခဲ့ရပါတယ်။

သို့ပေမယ့် ၎င်းတောမီးလောင်မှုကြောင့် အနီးနားက ဒေသခံပြည်သူ သုံးထောင့်ငါရာကျော်လောက်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဒါ့အပြင် ၎င်းတောမီးဟာ နေအိမ်တွေဘက်ကို ကူးစက်လာခဲ့တာကြောင့် လူနေအိမ် တဒါဇင်ကျော်ကျော်လောက်လည်း မီးလောက်ပျက်စီးခဲ့ရပါတယ်။

အစ္စရေးနိုင်ငံအတွင်းမှာဆိုရင်လည်း အပူလှိုင်းဖြတ်နေတာကြောင့် ဂျေရုဆလင်အပါအဝင် နေရာတော်တော်များများဟာ နေ့အပူချိန်ဟာ ၃၇ ဒသမ ၅ ကနေ ၄၃ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်လောက်ထိ စံချိန်တင်မြင့်နေတယ်လို့ သိရပါတယ်။

၎င်းတောမီးလောင်မှုဟာဆိုရင်လည်း နေ့အပူချိန်လွန်ကဲရာကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။

Source- The Times of Israel 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။