မြန်မာ့လက်ဝှေ့လောကရဲ့ ပြိုင်စံရှားဖိုက်တာတစ်ဦးဖြစ်နေတဲ့ ကနေဒါနိုင်ငံသားမြန်မာ့လက်ဝှေ့ချန်ပီယံ ဒေဝကတော့ ကမ္ဘာ့အဆင့်မီပြိုင်ပွဲတွေကို ဝင်ရောက်ထိုးသတ်ချင်နေသူတစ်ယောက်ဖြစ်သလို ပြိုင်ဘက်တိုင်းကိုလည်း ဖိတ်ခေါ်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ နာမည်ကြီး ဖိုက်တာတွေအပြင် ထိုင်းနိုင်ငံချန်ပီယံကိုပါ စိန်ခေါ်ဖူးသူတစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲတိုင်းအတွက်လည်း ကြိုတင်ပြင်ဆင်ထားသူတစ်ယောက်ဖြစ်ကြောင်းသိရပါတယ်။  

ဒေဝကတော့ ပြည်တွင်းနာမည်ကြီးဖိုက်တာများစွာနဲ့ ထိုးသတ်ဖူးသူတစ်ယောက်ဖြစ်တဲ့အပြင် ထိုင်းနာမည်ကြီးဖိုက်တာများစွာနဲ့လည်း ထိုးသတ်ဖူးတာတွေ့ရပါတယ်။ လက်ရှိ ဒေဝကတော့ UFC ဖိုက်တာတစ်ဦးဖြစ်တဲ့ Seth Baczynski နဲ့ ထိုးသတ်ဖို့ရှိနေပြီး ပြိုင်ပွဲအတွက် သဘောတူလက်မှတ်ရေးထိုးပြီးကြောင်း သိရပါတယ်။ 

မြန်မာ့လက်ဝှေ့နည်းစနစ်အတိုင်းထိုးသတ်သွားမှာဖြစ်ပြီး ပြိုင်ဘက်ကစားသမားနဲ့ပတ်သက်၍ ပြင်ဆင်မှုတွေပြုလုပ်လျှက်ရှိကြောင်းသိရပါတယ်။ ပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာမည့် ဒေဝနဲ့ UFC ဖိုက်တာတစ် Seth Baczynski တို့ရဲ့ ပြိုင်ပွဲအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Dave 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။