မတ်မတ်နွယ်လို့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင်မင်းသမီး နွယ်ဒါလီထွန်းကိုသိကြမယ်ထင်ပါတယ်နော်...။ သဘောကောင်းသူဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးတွေကြောင့် ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ဝန်းရံအားပေးလျက်ရှိတာဖြစ်ပါတယ်...။ ခန္ဓာကိုယ် အချိုးအစားဟာ အပြစ်ပြောစရာမရှိအောင် ညီညာလှပတာဖြစ်ပြီး ကိုးရီးယား မင်းသမီးတစ်ယောက်လို အသားအရေ ဖြူဝင်းချောမွတ်တာကို ပရိသတ်တို့အနေနဲ့ ရှုမြင်ခံစားခဲ့ကြရမှာပါ...။

သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ mtv သီချင်းအမိုက်စားတွေကိုလည်းရိုက်ကူးထားတာဖြစ်ပါတယ်..။ Team 143 ရဲ့ "မတ်မတ်" သီချင်းမှာလည်း ပါဝင်သရုပ်ဆောင်ထားသလို..... "အသဲကွဲသာဓု" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း နိုင်ငံကျော်မင်းသားတွေနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပါတယ်..။ ထိုဇာတ်ကားကြီးဟာဆိုရင်တော့ ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင် ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အကယ်ဒမီ ️ပြေတီဦး၊ ဇေရဲထက်နဲ့ နွယ်ဒါလီထွန်း တို့အပြင် အခြားအနုပညာရှင်ပေါင်းများစွာတို့ ပါဝင်ရိုက်ကူးသွားမှာဖြစ်ပါတယ်..။

နွယ်ဒါလီထွန်းဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "လက်သည်းက အသက်" ဆိုတဲ့ status လေးနဲ့တကွ ပုရိသတွေစွဲမက်ဖွယ်အလှပုံရိပ်လေးတွေကို သူမရဲ့ official facebook acc တွင်ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source Nwe Darli Tun 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။