သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နှင့်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိမြို့တွင် မေ (၂၃)ရက်မှ (၂၄)ရက် အထိ ကျင်းပသည့် (၁၄) ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် (၈)ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးသို့ မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ နှင့် ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးရုံး၊ အာဆီယံ ရာသီ ဥတုစောင့်ကြည့်လေ့လာရေးဗဟိုဌာန (ASEAN Specialized Meteorological Center – ASMC)၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် International Union for Conservation of Nature (IUCN)၊ International Fund for Agricultural Development (IFAD)၊ Global Environment Center (GEC)၊ European Union (EU) နှင့် German International Cooperation Agency (GIZ) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးဖွင့်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိပြည်နယ် အုပ်ချုပ် ရေးမှူးက နှုတ်ခွန်းဆက်စကားပြောကြားပြီး ကမ္ဘောဒီးယားနိုင်ငံပတ် ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ASEAN Specialized Meteorological Centre (ASMC) က ရာသီဥတုနှင့် မီးခိုးမြူ ငွေ့ဆိုင်ရာအခြေအနေများ နှင့်စပ်လျဉ်း၍ လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံမှ မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီး ခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ဒေသအတွင်းရှိ ခြောက်သွေ့ သောနေရာများတွင် မီးခိုးမြူငွေ့ကို ထိန်းချုပ်နိုင်ရေး အတွက် နိုင်ငံအဆင့် လုပ်ငန်းအစီအမံ များနှင့် ချင်းရိုင် (၂၀၁၇) လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ခြင်းဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှုများ၊ မဲခေါင်ဒေသခွဲနိုင်ငံများအကြား တောမီးနှင့်မီးခိုးမြူငွေ့ထိန်းချုပ်ခြင်း စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ တိုးတက်မှုအခြေအနေ တို့ကို ဆွေးနွေးကြကြောင်း သိရပါတယ်။ ဒါအပြင် ထိုင်းနိုင်ငံမှ မဲခေါင်ဒေသခွဲ ဝန်ကြီးအဆင့် ဦးဆောင်ကော်မတီ၏ နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အစီအစဉ်များနှင့် ဆောင်ရွက်ချက်များ ဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို ဆွေးနွေးကြပါတယ်။

ဆက်လက်၍ အာဆီယံ အတွင်းရေးမှူးရုံးက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်း မှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်၏ လမ်းပြမြေပုံနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပာတယ်။ မဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများက နိဂုံးချုပ်စကား ပြောကြားကြရာ မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယခုကြုံတွေ့နေရသည့် စိန်ခေါ်မှုကို အတူတကွ စည်းလုံးညီညွတ်စွာ လက်တွဲဖြေရှင်းကြရန်နှင့် အခြားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စရပ် များကိုလည်း ရေရှည်စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့ပါတယ်။

Source - Moi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။