မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲစဉ်မှာတော့နာမည်ကြီးဘာစီလိုနာအသင်းဟာဗလန်စီယာအသင်းကိုရှုံးနိမ့်ခဲ့ပါတယ်။ကိုပါဒယ်ရေးဖလားတွေကိုအကြိမ်ကြိမ်သိမ်းပိုက်နိုင်ခဲ့တဲ့ဘာစီလိုနာအသင်းအတွက်တော့အရှက်တပွဲဖြစ်ခဲ့ရပါတယ်။ဖလား၂လုံးချန်ပီယံဆုအတွက်ဘာစီလိုနာအသင်းဟာကြိုးစားကစားခဲ့ပေမယ့်ဗလန်စီယာအသင်းရဲ့ကစားကွက်တွေကိုမကျော်လွှားနိုင်ပဲအရှုံးပေးခဲ့ရပါတယ်။

ဒီနေ့ပွဲမှာနှစ်သင်းလုံးကတော့လူစုံတက်စုံကစားခဲ့ပေမယ့်ဗလန်စီယာအသင်းကခြေအသာနဲ့ကစားနိုင်ခဲ့ပါတယ်။ဦးဆောင်ဂိုးတွေကိုလည်းဘဗလင်စီယာအသင်းကပဲ၂ဂိုးဆက်တိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာဗလန်စီယာအသင်းထက်အစစအရာရာသာခဲ့ပေမယ့်ဗလင်စီယာအသင်းရဲ့မာကျောတဲ့စိတ်ဓာတ်တွေကတော့ချီးကျူးစရာပဲဖြစ်ပါတယ်။

ဗလန်စီယာအသင်းကတော့ဆုဖလားတွေနဲ့ဝေးကွာခဲ့တဲ့အချိန်တွေကိုခုမှာဘာစီလိုနာအသင်းကိုအနိုင်ယူပြီးအောင်ပွဲခံနိုင်ခဲ့ပါပြီ။ပရိသတ်တွေလည်းမာကျောတဲ့စိတ်ဓာတ်တွေနဲ့အနိုင်ယူပြီးအောင်ပွဲခံခဲ့တဲ့ဗလန်စီယာအသင်းရဲ့ပုံရိပ်လေးတွေကိုလည်းအားကျဖွယ်တင်ဆက်ပေးလိုက်ရပြီးအားပေးကြပါဦးနော်။

Source:Valencia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။