မြန်မာ့လက်ရွေးစင်အသင်းရဲ့အားထားရတဲ့တိုက်စစ်မှူးအောင်သူကတော့မြောင်တောင်အသင်းမှာပွဲထွက်ခွင့်မရတာကြောင့်အသင်းပြောင်းဖို့အသင်းတွေထွက်နေပါတယ်။အောင်သူကိုတော့ထိုင်းပရီးမီးယားလိဒ်ကလပ်TRAT FCအသင်းကလည်းခေါ်ယူဖို့သတင်းတွေထွက်နေတာဖြစ်သလိုမိခင်ကလပ်ရတနာပုံFCကလည်းပြန်လည်ခေါ်ယူမယ်ဆိုပြီးသတင်းတွေထွက်နေတာပါ။
မြောင်တောင်အသင်းကသတင်းထုတ်ပြန်မှုတွေမရှိသေးပေမယ့်ဒုတိယအကျော့မှာ TRAT FCအသင်းကိုပြောင်းရွေ့မယ်ဆိုတဲ့သတင်းတွေကတော့ပိုမိုထွက်ရှိလာပါတယ်။မြောင်တောင်အသင်းကတော့လက်ရှိထိုင်းလိဒ်မှာအောက်ဆုံးမှာရပ်တည်နေတာဖြစ်ပြီးTRAT FCအသင်းကတော့အမှတ်ပေးဇယားအပေါ်ပိုင်းမှာရပ်တည်နေတာဖြစ်ပါတယ်။
ပရိသတ်တွေကလည်းအောင်သူပြောင်းရွေ့မယ်ဆိုတဲ့ TRAT FCအသင်းကိုပိုမိုစိတ်ဝင်စားလာတာပါ။TRAT FC အသင်းဟာမနေ့ကထိုင်းပရီးမီးယားလိဒ်ပွဲစဉ်အဖြစ်ချင်းရိုင်အသင်းနဲ့ကစားခဲ့ပြီး(၃-၁)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တာပါ။ပရိသတ်တွေကလည်းဒီလိုအကောင်းဆုံးခြေစွမ်းတွေရှိနေတဲ့ TRAT FCအသင်းထံအောင်သူ့ကိုပြောင်းရွေ့ဖို့လိုလားနေကြတာဖြစ်ပါတယ်။
Source:Ching Rai United FC
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။