မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော General Aung San Shield 2019 ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ဆီမီးဖိုင်နယ်ကိုတက်ရောက်လာတဲ့အင်အားကြီးရန်ကုန်ယူနိုက်တက်အသင်းနဲ့ဒီနှစ်မှာပုံစံကောင်းတွေရနေတဲ့စစ်ကိုင်းယူနိုက်တက်အသင်းတို့ဟာအကြိတ်အနယ်နဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။

ဒီပွဲရဲ့ဦးဆောင် ဂိုးကိုတော့ရန်ကုန်ယူနိုက်တက်အသင်းကရခဲ့တာဖြစ်ပြီးပထမပိုင်းပြီးဆုံးခါနီးမှာစစ်ကိုင်းအသင်းကခြေပဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အသင်းကြီးတွေဖြစ်တဲ့ရတနာပုံအသင်းကိုတောင်အနိုင်ကစားခဲ့တဲ့စစ်ကိုင်းအသင်းဟာရန်ကုန်အသင်းကိုလည်းအကောင်းဆုံးပုံစံနဲ့ကစားခဲ့တာကြောင့်ရန်ကုန်အသင်းအနေနဲ့ခက်ခက်ခဲခဲကစားရခဲ့ပါတယ်။

ဒီနေ့ပွဲကိုတော့ကွင်းလုံးပြည့်နီးပါးပရိသတ်တွေလာရောက်အားပေးခဲ့ကြပါတယ်။ပရိသတ်တွေစိတ်ဝင်စားမှုနည်းနေတဲ့ပြည်တွင်းပွဲစဉ်တွေမှာခုလိုပရိသတ်တွေစိတ်ဝင်စားမှုမြင့်တက်လာတာကတော့ကောင်းတဲ့ရလဒ်ပဲဖြစ်ပါတယ်။ဒုတိယအကျော့ပွဲစဉ်ကိုတော့လာမယ့်ဇွန်လ၂ရက်နေ့ Y.U.F.C ကွင်းမှာကစားမှာဖြစ်တာကြောင့်လာရောက်အားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Source:Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။