၂၀၁၉- ၂၀၂၀ ပညာသင်နှစ်အတွက် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) တွင် တက်ရောက်မည့် ကစားသမားများ၏ မိဘများနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများတွေ့ဆုံသည့် အစည်းအဝေးကို မေ ၂၆ရက်က မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) တွင် ကျင်းပခဲ့ပါတယ်။အဆိုပါ အစည်းအဝေးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာ မစ္စတာအဲရစ်၊ လူငယ်ဖွံ့ဖြိုးရေး ဒါရိုက်တာ ဦးညီညီလတ်၊ မန္တလေး ဘောလုံးအကယ်ဒမီ ကျောင်းအုပ်ကြီး ဦးစိုးညွှန့်၊ နည်းပြဆရာများ နှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ပြီး ကျောင်းသားမိဘများ နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နည်းစနစ်ဒါရိုက်တာ မစ္စတာအဲရစ် က 2019- 2023 strategic plan အရအကယ်ဒမီများတွင် သင်ကြားပေးမည့်အခြေ ခံ သဘောတရားများကို ကျောင်းသားမိဘများအား အသေးစိတ် ရှင်းလင်းပြော ကြားခဲ့ပါတယ်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လူငယ်ဖွံ့ဖြိုးရေး ဒါရိုက်တာ ဦးညီညီလတ် အကယ်ဒမီကျောင်းသားများကို ဘောလုံးအားကစားတွင်သာမက ပညာရေး၊ကျန်းမာရေး၊စာရိတ္တ စသဖြင့် ဘက်စုံထူးချွန်သော ကစားသမားကောင်းများ ဖြစ်လာရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကျောင်းသားမိဘများက အားကစား၊ ပညာရေး၊ ကျန်းမာရေး စသည့် သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။့တွေ့ဆုံပွဲများကို အမျိုးသားအကယ်ဒမီ(ရန်ကုန်) နှင့် ပုသိမ်ဘောလုံးအကယ်ဒမီတို့တွင်လည်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။